ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၁၀)

စစ်တပ်က အာဏာသိမ်းယူပြီးနောက် တိုင်းရင်းသားဒေသက သတင်းဌာတွေ၊ သတင်းထောက်တွေ သတင်း ထုတ်ဝေတင်ဆက်မှုမှာ ဘယ်လိုအခက်အခဲတွေရှိနေလဲ၊ စစ်ကောင်စီရဲ့ သတင်းသမားတွေနဲ့ သတင်း ထောက်တွေအပေါ် ကျူးလွန်နေတဲ့ ချိုးဖောက်မှုတွေ၊ ပြည်သူတွေ သတင်းမှန် ရပိုင်ခွင့်ကို ပိတ်ပင်ထားတဲ့ အခြေတွေ၊ ဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့ သက်ဆိုင်တဲ့ လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တား ဆီးခြင်း၊ ဝေဖန်သူတွေကို အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်နေတာတွေဟာ စစ်ကောင်စီက ပြောနေတဲ့ ဒီမို ကရေစနစ်ဖော်ဆောင်ရေးဆိုတဲ့ စကားလုံးနဲ့တော့ လုံး၀ကို ဆန့်ကျင်နေလို့ တိုင်းရင်းသားသတင်းထောက် တွေက ထောက်ပြလိုက်တဲ့အကြောင်းအရာတွေကို ဒီတပတ် “ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်” အပတ်စဉ် အစီအစဉ် ကနေ စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ တာဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။