ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၁၄)

ဒီတစ်ပတ်မှာတော့ ကချင်ပြည်နယ်၊ လီဒိုလမ်းမကြီးပေါ်က ဟူးကောင်းချိုင့်ဝှမ်းဒေသမှ နှစ်ပေါင်း ၁၅ နှစ် ကျော်လောက် မြေယာပြဿနာတွေဖြစ်နေတဲ့ ယုဇနကုမ္ပဏီက သိမ်းယူခဲ့တဲ့ မြေယာတွေရဲ့ နောက်ဆုံး အခြေအနေတွေကို တင်ဆက်ပေးထားပါတယ်။ ယုဇနကုမ္ပဏီပိုင် မြေနေရာတွေနဲ့ ကုမ္ပဏီ အဆောက်အဦ တွေ၊ စက်ယန္တရားတွေကို KIO က စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ နှစ်ကြိမ်ဝင်ရောက်ဖျက်ဆီးပြီး သိမ်းယူခဲ့ပါတယ်။ ဒီလ ၁၀ ရက်နေ့မှာတော့ KIO/KIA က အဲ့ဒီဝန်းထဲက ပစ္စည်းတွေနဲ့ မြေနေရာတွေကို ဘယ်သူမှ သွားရောက် အသုံး မပြုကြဖို့၊ မယူကြဖို့ သတိပေးစာထုတ်ပြန်လိုက် ပါတယ်။ ဘာ့ကြောင့် ဒီလို အခြေအနေတွေဖြစ်လာရတာလဲ၊ လက်ရှိ ယုဇနကုမ္ပဏီဝန်းထဲမှာ ဘာတွေဖြစ်နေလဲ၊ ဒေသခံတွေကရော သူတို့ နှစ်ပေါင်း ၁၅ နှစ်ကျော်အကြာ ဆုံးရှုံးခဲ့ရတဲ့ မြေယာတွေကို ဘယ်လိုစီမံခန့်ခွဲချင်နေပါသလဲ…. စတာ တွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။