ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၁၃)

အပတ်စဉ်တင်ဆက်ပေးနေတဲ့ ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပတ်စဉ်အစီအစဉ် ကနေ ဒီတစ်ပတ်မှာ တော့ သံလွင်ပေါ်မှာ တည်ဆောက်မယ့် ဟတ်ကြီးရေကာတာစီမံကိန်းကို အာဏာသိမ်းစစ်ကောင်စီ ခေါင်း ဆောင်က ဆက်လက်အကောင်အထည်ဖော် တည်ဆောက်ဖို့ ဘားအံခရီးစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။ ဘာ့ ကြောင့် ဒီလို တိုက်တွန်းရတာလဲ၊ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ဘယ်လိုမြင်ပါသလဲ၊ နိုင်ငံရေးတည် ငြိမ်မှုမရှိတဲ့၊ အစိုး ရလို့ သတ်မှတ်ခြင်းမခံရသေးတဲ့ စစ်ကောင်စီက လုပ်ဆောင်မယ့် ဒီစီမံကိန်းနဲ့ ပတ်သက် ပြီး ရင်းနှီးမြုပ်နှံမှုလုပ် ကြမယ့် ကုမ္ပဏီတွေ၊ နိုင်ငံတွေကို ကရင်အရပ်ဘက်အဖွဲ့အစည်းတွေက ဘာတွေ တောင်းဆိုလိုက်ပါသလဲ…. စတာတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။