ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၁၂)

စစ်တပ်က အာဏာသိမ်း ရက် ၁၀၀ ကျော်လာတဲ့အထိ စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြေ လျှော့ပေးမယ့် အခြေအနေမျိုး မတွေ့ရသလို စစ်တပ်ဟာ အာဏာကို ချုပ်ကိုင်နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ စစ် အာဏာရှင်ဆန့်ကျင်နေတဲ့ ပြည်သူတွေကို ရက်ရက်စက်စက်ဖြိုခွင်းသလို ပစ်ခတ်သတ်ဖြတ်တာ၊ အသက် သေစေတဲ့အထိ ဖမ်းဆီးနှိပ်စက်တာ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်တဲ့ CDM သမားတွေကို လည်း ဖမ်းဆီးတာ၊ အလုပ်ကနေဖြုတ်ပစ်တာတွေလုပ် လုပ်နေတာ ဒီနေ့အချိန်ထိဖြစ်ပါတယ်။ ဒီအခြေအ နေတွေနဲ့ ပတ်သက်ပြီး NUG က ဘယ်လိုအချက်လက်တွေကို စုစည်းထားပြီလဲ၊ စစ်ကောင်စီရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်သွားမှာလဲ စတာတွေကို ဒီတပတ်ရဲ့ ငြိမ်းချမ်းရေး အတွက် ဖက်ဒရယ် အစီအစဉ်ကနေ စုစည်းတင်ဆက်ပေးထားပါတယ်။

ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထား တာဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။