ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ် အပိုင်း (၁၁၈)
ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ တခြားတပ်မှူး တစ်ယောက်ကို တာဝန်ကနေယာယီရပ်ဆိုင်းဖို့ ညွှန်ကြားစာတစ်စောင်ထွက်ပေါ်လာပြီးနောက် ကရင်ပြည်သူတွေ အကြားမှာ ဝေဖန်မှုအမျိုးမျိုးထွက်ပေါ် လာတာကိုတွေ့ရပါတယ်။ ဒီအရေးယူမှုနဲ့ ပတ်သက်ပြီး KNU ဗဟိုအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ ထုတ်ပြန်ထားသလို ဗိုလ်မှူးချုပ် စောနယ်ဒါးမြကလည်း တာဝန်ကနေ ရပ် ဆိုင်းတာကို လက်မခံဘူးလို့ ပြောဆိုထားတာပါ။ ကရင်ပြည်သူတွေကတော့ ဒီကိစ္စကြောင့် ကရင် လက်နက်ကိုင်တော်လှန်ရေးသမိုင်းကို ထိခိုက်မှာ၊ တိုင်းရင်းသား တိုင်း မျှော်လင့်နေကြတဲ့ ဖက်ရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာ အဟန့်အ တား ဖြစ်သွားမှာနဲ့ ဘုံရန်သူကို အတူလက်တွဲပြီး မတော်လှန်နိုင်ပဲ ကွဲကုန်မှာကို စိုးရိမ်နေကြပါတယ်၊ ဒါ့ကြောင့် ဒီပြဿနာကို ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်း ကြမှာလဲ ….. စတဲ့အကြောင်းအရာတွေကို “ငြိမ်းချမ်းရေးအတွက် ဖက်ဒရယ်” အစီအစဉ်ကနေ စုစည်း တင်ဆက် ပေးထားပါတယ်။
ဒီအစီအစဉ်ကို Network Media Group နှင့် Mizzima Media Group တို့ ပူးပေါင်းစီစဉ် တင်ဆက်ထားတာ ဖြစ်ပါတယ်။ အပတ်စဉ် တနင်္ဂနွေနေ့မှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။