ကျိုက်လတ် အုပ်ချုပ်ရေးရုံး အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက်။
ဧရာဝတီတိုင်း ကျိုက်လတ်မြို့က ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရ သည်။၊
ထိုဖောက်ခွဲ တိုက်ခိုက်မှုကို ညီနောင်မဟာမိတ်များဖြစ်ကြသည့် ဖျာပုံခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်း စု၊ ဧရာဗေဒါ(ကျိုက်လတ်) နှင့် ကျိုက်လတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
“ဒီဖောက်ခွဲမှုက ပထမဆုံးအကြိမ် သတိပေးတာပါ။ ပြည်သူကို နှောက်ယှက် အနိုင်ကျင့်တာ လက်မခံနိုင် ဘူး။ တော်လှန်ရေးရဲ့ ဆူးခလုတ်တွေကို ရှင်းပစ်မယ်” ဟု ကျိုက်လတ် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကျိုက်လတ်မြို့၊ အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မတ်လ ၂ ရက်နေ့၊ နံနက် ၄ နာရီ ကျော် အချိန်က အဝေး ထိန်းစနစ် တပ်ဆင်ထားသည့် ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
PDF ပူးပေါင်း အဖွဲ့ဝင်များက ဗုံးဆင်သည့် လုပ်ငန်းစဥ်ကို လုပ်ဆောင်ပြီးနောက် အောင်မြင်စွာ ဆုတ်ခွာကာ တပ်ဆင်ထားသည့် ဗုံးကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ကျိုက်လတ် PDF အဖွဲ့ဝင် က ပြောသည်။
ဗုံးဖောက်ခွဲခံရသည့် ထိုနေ့ နံနက်အစောပိုင်းက ယင်းရပ်ကွက်ရုံး အတွင်းက ပေါက်ကွဲသံ ကြားရပြီးနောက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ရုံးအတွင်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် လမ်းများကို လည်း ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံ က ပြောသည်။
ထို့အပြင် ဗုံးဖေါက်ခွဲခံရမှု ဖြစ်ပွားခဲ့သည့်နေ့ မတ်လ ၂ ရက်နေ့ ညပိုင်းတွင် ရပ်ကွက် ၁ နှင့် ၂ တွင် စစ်ကောင် စီက ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည့်အပြင် နံနက်ပိုင်း ပိတ်ဆို့စစ်ဆေးစဥ်ကလည်း လမ်းသွားလမ်း လာ အချို့ ဖမ်းဆီးခံထားရသည်ဟု မြို့ခံအချို့က ပြောသည်။
“လက်လုပ် မိုင်းထောင် သွားတာလို့ စစ်ဗိုလ်ကပြောတယ်။ အဲ့ဒီအချိန်က ရပ်ကွက်ရုံးမှာ ဘယ်သူမှ ရှိမနေ ဘူး လေ။ ထိခိုက်မှုမရှိဘူးပေါ့” ဟု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့နှင့်နီးစပ်သူတစ်ဦး က ပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို နှုတ်ထွက်ရန် သတိပေးထားပြီး ပြည်သူကို ဒုက္ခပေးနေသည့် အတွက် ၎င်းတို့၏ အသက် အိုးအိမ်စည်းစိမ်များကို အာမ မခံကြောင်း ကျိုက်လတ် PDF ၏ သတိပေးထုတ်ပြန် ထား သည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဘိုကလေးမြို့နယ် အတွင်း၌ MyTel ဖုန်းတာဝါတိုင်ကို ဒေသတွင်း ရှိ ပြောက်ကျားအဖွဲ့များက အဝေးထိန်းစနစ်ဖြင့် ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။