လပွတ္တာမြို့နယ်အတွင်း သတိပေးစာ ပေးထားသော ခြံရှေ့တွင် ပေါက်ကွဲမှု ဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ညောင်လိန်ကျေးရွာရှိ စစ်တပ်ရဲသတင်းပေးဟု နာမည်ကြီးနေသူ ဦးကုလားကြီး ၏ ခြံရှေ့တွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ၃ ဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။

မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသို့ စစ် ကောင်စီ၏ စစ်တပ်နှင့် ရဲများရောက်ရှိလာပြီး ဒေသခံ ၃ ဦးကို စစ်မေးရန်ဟု ဆိုကာ ဖမ်းဆီးထားသည်ဟု အုပ် ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။

ညောင်လိန်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက “စစ်ဗိုလ်က လက်လုပ်မိုင်း ပေါက်တာမို့ ထိခိုက် လည်း အသက်မသေလောက်ဘူးလို့ ပြောတယ်။ ဒါပေမယ့် ပေါက်ကွဲတဲ့ အသံက အတော်ကျယ်တယ်” ဟု ပြော သည်။

ထိုသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် စစ်တပ်ရဲသတင်းပေးဟု နာမည်ကြီးသူ ဦးကုလားကြီးသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦးလည်း ဖြစ်သည်။

၎င်းစစ်ကောင်စီခန့် ညောင်လိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကုလားကြီးအား တာဝန်မှ နုတ်ထွက်ရန်လည်း
လပွတ္တာမြို့နယ် ပြောက်ကျားတပ်ဖွဲ့က ကျည်ဆံ နှင့် သတိပေးစာ ပေးပို့ထားသူလည်း ဖြစ်သည်။

ထိုသို့ သတိပေးစာ အပို့ခံရပြီးနောက် ယခုကဲ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ခြံပိုင်ရှင် ဦးကုလားကြီးသည် ယခင်က ရဲသတင်းပေး တစ်ဦးဖြစ်ခဲ့ပြီး စစ်တပ်က အာ ဏာသိမ်းပြီးနောက် စစ်တပ်နှင့် အနေနီးစပ်ကာ စစ်တပ်သတင်းပေး ဖြစ်လာသည်ဟု ဒေသခံ အချို့၏ ပြောပြ ချက်အရ သိရသည်။

မတ်လ ၁၆ ရက်နေ့က လပွတ္တာမြို့နယ်ရှိ ဦးကုလားကြီးအပါအဝင် စစ်ကောင်စီခန့် ရပ်ကွက် နှင့် ကျေးရွာ အုပ် ချုပ်ရေးမှူး ၇ ဦးကို လက်ရှိထမ်းဆောင်နေသည့် လုပ်ငန်းတာဝန်များမှ နုတ်ထွက်ရန် ဒေသခံမြို့ပြပြောက်ကျား တပ်ဖွဲ့က သတိပေးထားသည်ဟုလည်း မြို့ခံများက ဆိုသည်။

“လပွတ္တာမှာက ပင်လယ်ပြင် ထွက်ပေါက်တွေရှိတယ်။ သိလ္လာတောင်ကျောကလည်း ရခိုင်ရိုးမ နဲ့ ဆက်စပ်မှု ရှိ တော့ စစ်ကောင်စီတပ်တွေက လုံခြုံရေး တင်းကြပ်မှု ပိုလုပ်နေတယ်” ဟု လပွတ္တာ ဒေသခံတစ်ဦးက ပြော သည်။

သို့သော် လပွတ္တာမြို့နယ်တွင် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် ဌာနဆိုင်ရာရုံးနှင့် မိုင်တဲတာဝါတိုင် တို့ ကို ဖောက်ခွဲဖျက်ဆီးခြင်း၊ ပျူစောထီး နှင့် စစ်ကောင်စီသတင်းပေး ဒလန်များ သုတ်သင်ခြင်း စသည်တို့ကို ဒေသခံ ပြောက်ကျားအဖွဲ့များက မကြာခဏ အလစ်အငိုက်ဖမ်းကာ လုပ်ဆောင်နိုင်ကြသည်ဟု ၎င်းကဆက်ပြော သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း လပွတ္တာမြို့ရှိ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံး နှင့် စစ် ကောင်စီတပ်တို့ စခန်းချထားသည် ဘုရင့်နောင် ဧည့်ရိပ်သာနေရာတို့တွင် ဗုံးနှစ်လုံး ဆက်တိုက် ဖောက်ခွဲတိုက် ခိုက်ခဲ့ရသေးသည်ဟု ဒေသခံများက ဆိုသည်။