လပွတ္တာရှိ အုပ်ချုပ်ရေးမှူး ၇ ဦးကို နှုတ်ထွက်ရန် ဒေသခံ ပျောက်ကြား တပ်ဖွဲ့ သတိပေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၀ ရက်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်ရှိ စစ်ကောင်စီခန့် ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၇ ဦးအား နုတ်ထွက်ရန် ဒေသခံမြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်ဟု သိရသည်။

မြို့ပေါ်ရပ်ကွက်အချို့နှင့် ညောင်လိမ်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို နုတ်ထွက်ရန် မတ်လ ၁၆ ရက်နေ့ ညက သတိပေးခံရခြင်း ဖြစ်သည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးက “အထက်က ပေးမထွက်ဘူး။ မိသားစုက အရမ်း ပူပန်ကြရတယ်။ တ ကယ်တော့ ကျနော်တို့က ဘက်၂ ဘက် ကြားညှပ်နေတာ” ဟု ပြောသည်။

မြို့ပေါ်ရပ်ကွက် အမှတ် ၁၊ ၄၊ ၅၊ ၆၊ ၇၊ ၁၀ စသည့် ရပ်ကွက် ၆ ရပ်ကွက် နှင့် ညောင် လိမ်ကျေးရွာ အုပ်ချုပ်ရေး မှူးရုံးများသို့ လပွတ္တာမြို့ပြပြောက်ကျားအဖွဲ့က ကျည်ဆံ တစ်တောင့်နှင့် စာတစ်‌ စောင်ပေးပို့ကာ သတိပေးခဲ့ သည်ဟု လပွတ္တာ စစ်ကောင်စီရုံး ဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

ထိုစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးအနေဖြင့် မည်သည့်ပါတီဝင်မှ မဟုတ်ကြောင်း၊ မြို့နယ်စစ်ကောင်စီက တာဝန် ပေး၍ နီးရာဓားကြောက်သဖြင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် အန္တရယ်များကြားတွင် ဆောင်ရွက် ပေးနေသူဖြစ်သည်ဟု ဆက်ပြောသည်။

လပွတ္တာမြို့ပြပြောက်ကျားအဖွဲ့က ပို့လိုက်သည့် အဆိုပါ သတိပေးစာသည် မီးပျက်နေချိန်တွင် ရောက်လာခြင်း ဖြစ်ပြီး “နှုတ်ထွက်မလား ကျည်ဆံယူမလား” ဟု စာထဲတွင် ရေးသားထားသည်ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

လပွတ္တာမြို့ခံ ဦးကိုကိုက “အခု သတိပေးခံရသူတွေက ဘယ်ပါတီက မဟုတ်တာများတယ်။ ဒါပေမယ့် စစ်တပ်နဲ့ ဆက်ဆံရေး နီးစပ်သူတွေဖြစ်နေတော့ သူတို့ကို မြို့ခံအများစု မယုံကြဘူး” ဟု ပြောသည်။

လပွတ္တာမြို့ပြ ပျောက်ကျားတပ်ဖွဲ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို အမြန်ဆုံး နှုတ်ထွက်ကြရန်နှင့် နှုတ် ထွက်ခြင်း မပြုပါက ရှင်းလင်းမည်ဟု ထုတ်ပြန်ကြေငြာထားသည်။

လပွတ္တာမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး အယောက် ၆၀ ရှိသည့်အနက် ၇ ဦးကို နုတ်ထွက် ရန် လပွတ္တာမြို့ပြ ပျောက်ကျားတပ်ဖွဲ့က သတင်းပေးလိုက်ခြင်း ဖြစ်သည်။

လပွတ္တာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၅၀ တွင် စုစုပေါင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်မှူး အယောက် ၆၀ ဦး ရှိသည့်အနက် ၇ ဦးကိုသာ နုတ်ထွက်ရန် သတိပေးခံရခြင်း ဖြစ် သည်ဟု လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအချို့ထံမှ သိရသည်။