ကျော့ပြန် ကိုဗစ်ကြောင့် KIO ဌာနချုပ်လိုင်ဇာ မတ်လ အတွင်း လူ ၂ ဦး သေဆုံး၊
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် နေ့စဉ် COVID-19 ကူးစက်ခံနေရသူ အယောက် ၃၀ အထက်ရှိနေပြီး မတ်လအတွင်း သေဆုံးလူနာ နှစ်ဦးရှိခဲ့သည်ဟု KIO ၏ COVID-19 ရောဂါ ကူးစက်မှု တားဆီးနှိမ်နှင်းရေး ဗဟိုကော်မတီထံမှ သိရသည်။