တနင်္သာရီမြို့အနီး အစစ်အဆေး တင်းကြပ်

သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၆ ရက်။

မြိတ်မှ တနင်္သာရီမြို့ဘက်ခြမ်းသို့ ခရီးသွားလာဆိုင်ကယ်များ၊ အိမ်စီးကားများနှင့်ကုန်ကားများကို ကြေးနန်းတိုင် တံတားဂိတ်တွင် ဧပြီလ ၅ရက်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ တားဆီးစစ်ဆေးမှုများ ပြု လုပ်နေခြင်းကြောင့် ဒေသတွင်း ရပ်ရွာများတွင် ကုန်ဈေးနှုန်းများ မြင့်တက်လာသည်ဟု ဒေသခံ များကပြောသည်။

လက်ရှိတွင်မြိတ်မြို့မှ တနင်္သာရီမြို့သို့သွားရာ လမ်းတဝက် နှင့် တကူကျေးရွာအသွား ၉ မိုင်လမ်းတို့ ဆုံရာ ဇဝဲ ကျေးရွာ လမ်းဆုံစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများကို ဖြတ်သန်းခွင့် မပြုဟု ကုန်ကားမောင်းသူအချို့က ပြောသည်။

တနင်္သာရီမြို့နှင့် တကူကျေးရွာသို့တက်မည့် ကုန်ကားများကို ဖြတ်ခွင့်မပေးတော့ဘဲ ကုန်ပစ္စည်းများကို ချခိုင်း ထားကာ ကားရပ်နားခိုင်းထားသည်ဟု ကုန်ကားမောင်းသူများထံမှ သိရသည်။

တကူကျေးရွာမှ အသက်၃၅နှစ်အရွယ် အမျိုးသမီးတစ်ဦးက “အခုရက်ပိုင်း တိုက်ပွဲတွေ မကြာခဏဖြစ်နေတော့ PDFကို ရိက္ခာဖြတ်ဖို့ ရည်ရွယ်တာထင်တယ်။ အခုလို ပိတ် လိုက်တာနဲ့ ရွာမှာ ဆီဈေး ဆန်ဈေး၊ ငြုပ်၊ ကြက်သွန် ကအစ ဈေးတွေချက်ချင်းတက်ပြေးသွားတယ်” ဟု ပြော သည်။

တနင်္သာရီမြို့နှင့် တကူကျေးရွာသို့တက်မည့် ကုန်ကားများကို ဖြတ်ခွင့်မပေးတော့ဘဲ ကုန်ပစ္စည်းများကို ချခိုင်း ထားပြီး ကားများအား ရပ်နားခိုင်းထားသည်ဟု ကုန်ကားမောင်းသူများက၏ ပြောပြချက်အရ သိရသည်။

သို့သော် မြိတ်သို့အဝင်ကားများအား မှတ်ပုံတင်နှင့် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း လက်မှတ်များနှင့် ပစ္စည်း များ စစ်ဆေးလျက်ရှိပြီး ဖြတ်သန်းခွင့်တော့ပြုထားသည်ဟု သိရသည်။

တနင်္သာရီမြို့ကို ကုန်ကားများပေး မတက်သည့် အကြောင်းရင်းကိုမူ စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ တရားဝင်ထုတ် ပြန်ထားခြင်းမရှိဘဲ၊ မည်သည့်အချိန်အထိ ကုန်ကားများ သယ်ယူပို့ဆောင်ခွင့်ရပ်နားထားရမည်ဆိုသည်ကိုလည်း တရားဝင် ထုတ်ပြန်ထားခြင်းမျိုးမရှိသေးဟုသိရသည်။

ယင်းကဲ့သို့ ကုန်ကားများ ပေးမတက်တော့သည့်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားနပ် ရိက္ခာပစ္စည်းများပြတ်တောက်ပြီး ကုန်ဈေးနှုန်းများ အဆမတန်တက်လာမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံ များ က ပြောသည်။

ထို့အပြင် နောက်ထပ် တိုးချဲ့ကာ မြိတ်-တနင်္သာရီသွား ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လသာကျေးရွာတွင်လည်း စစ်ဆေးရေးဂိတ်တစ်ခု ထပ်မံပြုလုပ်ရန်လည်း ပြင်ဆင်နေသည်ဟု ဒေသခံများက ပြောသည်။