မြစ်ကြီးနားတွင် ဆင်၊ မြင်းများဖြင့် ရှင်လောင်းလှည့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၂ ရက်။

ကချင်ပြည်နယ်၊ မြို့တော် မြစ်ကြီးနားတွင် ဆင်၊ မြင်းများဖြင့် ရှင်လောင်းလှည့်ပွဲ ဧပြီလ ၁၂ ရက်နေ့ (ယနေ့)တွင် ကျင်းပခဲ့သည်။

COVID-19 ကပ်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှု​ကြောင့် ရှင်လောင်းလှည့်ပွဲမြင်ကွင်းများ ပျောက်ကွယ်နေခဲ့ရာ မှ မြစ်ကြီးနားမြို့တွင် ရှင်လောင်းလှည့်ပွဲကို ပြန်လည်ကျင်းပလာသည်ကို ထူးထူးခြားခြား တွေ့မြင်ရခြင်း ဖြစ် သည်ဟု မြစ်ကြီးနားမြို့ခံများက ဆိုသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးစံအရ အသက်နှစ်ဆယ်အောက် ယောက်ျားလေးများသည် ရှင်ပြုလေ့ရှိကြပြီး ယခုကဲ့သို့ ရာသီဥတုသာယာချိန် တပေါင်းတန်ခူးလ မြန်မာနှစ်သစ်ကူးအချိန်တွင် သာသနာ့ဘောင်ကို အများဆုံး ဝင်ရောက် ကုသိုလ်ယူကြခြင်း ဖြစ်သည်။