တိုင်းရင်းသား ဘာသာသတင်း အစီအစဉ် ( ၁၉ – ၄ – ၂၂ )

ကချင်ပြည်နယ် ဖားကန့်မှာ လနဲ့ချီပိတ်ထားတဲ့အင်တာနက်တွေကို Mytel ကွန်ရက်မှာ ပြန်ဖွင့်ပေးလိုက်တာကြောင့် Mytel SIM ကတ်တွေ ဈေးတက်သွားပါတယ်။ 

ကရင်ပြည်နယ် လေးကေ့ကော်ဒေသက တိုက်ပွဲတွေမှာ စစ်ကောင်စီက အထိအခိုက်များခဲ့တာကြောင့် လေကြောင်းပစ်ခတ်မှုကို အသုံးပြုခဲ့ပါတယ်။ 

ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား မြေပုံမြို့နယ်ထဲမှာ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။