ရခိုင်မြောက်ပိုင်း စစ်ကောင်စီ လှုပ်ရှားမှု များပြားလာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်။
ရခိုင်ပြည်နယ် အတွင်းက မြို့နယ်အချို့တို့တွင် ဧပြီလ ဒုတိယအပတ် သင်္ကြန်ကာလအချိန်မှ စတင်၍ စစ်ကောင် စီတပ်၏ စစ်ရေးလှုပ်ရှားမှုရှိလာနေပြီး ဂိတ်အသစ်များဖွင့်ပြီး လှုပ်ရှားမှုများ ရှိနေသည်ဟု ဒေသခံများ က ပြော သည်။
ကျောက်တော်မြို့နှင့် မြောက်ဦးမြို့တို့တွင် စစ်ကောင်စီတပ်ဖွဲ့များ ဧပြီလ ၁၂ ရက်နေ့မှ စတင်ပြီး ဝင်ရောက်လာ ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦး က “ဒီမြောက်ဦးမြို့နယ်ဘက်မှာဆိုရင် နေရာ ၅ နေရာ စလုံးမှာ ဖြန့်ကျက်ပြီးတော့ နေရာယူထားတာတွေ့ရတယ်။ အဲ့ဒီယူထားတဲ့နေရာတွေကတော့ ဟိုပေါက်တော ပြင်ရွာ၊ ပေါက်တောပြင်ရွာရဲ့ ကားလမ်း ဒီအဝေးပြေး လမ်းနဲ့ နီးတဲ့ ဂွဆုံပေါ့၊ အဲ့ဒီရာအဝင်လမ်း၊ အဲ့ဒီနေရာမှာ တစ်ခုရယ်။ ပြီးတော့ တိမ်ညိုတံတား၊ တံတားအောက် အဲ့ဒီ နေရာမှာ တစ်ခုရယ်။ ပြီးတော့ ဒီအိုးထိန်းရွာနဲ့ အဝေးပြေးလမ်း၊ အဲ့ဒီရွာ ရွာအဝင်လမ်း၊ ထောင်နဲ့ အဲ့ဒီကား လမ်း အဲ့ဒီနားမှာ တစ်နေရာရယ်၊ ပြီးတော့ အဲ့ဒီ တောင်ဦးရွာနားက ကြည်ရာပြင် အဲ့ဒီရွာအဝင်လမ်း လမ်းထောင့် တစ် နေရာရယ်၊ ပြီးတော့ ကျောက်ဆည်ပြင် ကိုသွားတဲ့လမ်း ရွာအဝင်လမ်းပေါ့ အဲ့ဒီကားလမ်းနဲ့ လမ်းထောင့် တစ်နေ ရာရယ် အဲ့ဒီ ၅ နေရာမှာ တွေ့ရတယ် ဗျ။ အရင်ကတော့ အဲ့ဒီနေရာတွေမှာ မရှိဘူး” ဟု ပြောသည်။
မြောက်ဦးမြို့နယ်အတွင်း ဧပြီလ ၁၂ ရက်နေ့မှ စတင်၍ နေရာ ၅ နေရာခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဂိတ်များချပြီး နေရာယူထားခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ နေရာများတွင် ဧပြီလ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်က ယခုကဲ့သို့မျိုး ဂိတ်ချ နေရာယူထားခြင်း မရှိဘူးဟု ဒေသခံများက ဆိုသည်။
အလားတူ ကျောက်တော်မြို့က အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “ဒီကျောက်တော်မှာခါကြတော့ ရထားဘူတာရုံနားမှာ နေတယ်ပေါ့။ နည်းနည်းလောက်၊ နည်းနည်းဆိုလည်း လေးဆယ်ခန့်လောက်နေတာပေါ့။ နောက်ပြီးတော့ တံတားမှာဆိုရင် စစ်တပ်ပါရဲပါ ရှိတယ်။ ရှိနေတာ နည်း နည်းတော့ ကြာပြီ အဲ့ဒီမှာ ရှိနေတာ တော့။ ဒါပေမယ့် ဒီအစောပိုင်းကတော့ ကျောက်တော်မြို့ထဲမှာတော့ ယာယီ အဲ့ဒီလောက်ပဲ ရှိတယ်။ အခုကြ တော့ ရထားဘူတာနားမှာ အမြဲလိုလိုပေါ့ တဖွဲ့နဲ့တဖွဲ့နဲ့ ချိန်းလောက် အဲ့ဒီလိုရှိတယ်” ဟု ပြောသည်။
ကျောက်တော်မြို့ရှိ ဘူတာရုံတွင် ယခင်က စစ်သား ဆယ်ယောက်ခန့်ပဲ ရှိခဲ့ရာမှာ ယခုရက်ပိုင်းအတွင်း အယောက် ၄၀ ခန့် ရှိနေသည်ဟု အဆိုပါဒေသခံက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ULA/AA နှစ်ဖွဲ့စလုံးက သွားလာ လှုပ် ရှားနေပြီး ယခုနှစ် သင်္ကြန်ပွဲတော်ကိုလည်း ULA/AA ၏ လုံခြုံရေး ယူပေးမှုအောက်တွင် စည်စည်ကားကား ကျင်းပခဲ့ကြသည်။
ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တပ်များ၏ လက်ရှိကာလအတွင်း သွားလာလှုပ်ရှားမှုအခြေအနေများ ကြောင့် ဒေသခံအချို့ က တိုက်ပွဲများ၊ စစ်ရေးလှုပ်ရှားမှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
စစ်တွေမြို့ခံ တစ်ဦးက “စစ်ရေးလှုပ်ရှားနေတာကတော့ နှစ်ဖက်စလုံးက ရခိုင်ပြည်နယ်အနှံ့ အပြားမှာ နေရာ အနှံ့မှာ ရှိတယ်။ စစ်ရေးလှုပ်ရှားတာတွေရှိတယ်။ ဘယ်ဘက်ကမှ တခြားနေရာကို စစ်ကြောင်း ထိုးတာမျိုး တော့ သိပ်မရှိနေဘူးပေါ့နော်။ ULA ဘက်ကတော့ အုပ်ချုပ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ရှိတယ်။ မြန်မာ စစ် တပ်ဘက်က စစ်ကြောင်းထွက်တဲ့ ပုံစံမျိုးတွေ သိပ်မတွေ့ရပေမယ့်လည်း ရိက္ခာပို့တာတို့၊ လက်နက်ခဲယမ်း ပို့ တာတို့တော့ အမြဲတမ်းလိုလိုရှိပါတယ်။ ပြီးခဲ့တဲ့ ၃ လပိုင်းကနေပြီးမှပေါ့လေ မောင်တောဘက်မှာ ထိတွေ့မှု ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ တပ်ကနေပြီးတော့ ရွာတွေကို စစ်ရောက်စစ်ဆေးမှုတွေ လုပ်တာ တော်တော်လေးကို တွေ့ရတယ်ဗျ။ ၁၀ ရက်နေ့ကဆိုလို့ရှိရင် ဒီစစ်တွေမြို့အထိ ရွာတွေမှာ သွားပြီးတော့ စစ်တာဆေးတာတွေ လုပ်တယ်ပေါ့လေ။ အဓိကတော့ AA က ရှိမရှိပေါ့လေ” ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့က နှစ်ဖက်ကြား မိနစ် အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ရက္ခိုင့် တပ်တော် AA နှင့် စစ်တပ်တို့ကြား ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း အပစ်အခတ်ရပ်စဲရေး နှုတ် သဘော တူညီမှုကို ရရှိခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် အာဏာရယူထားသည့် စစ်ကောင်စီက ရက္ခိုင့် တပ်တော် ULA/AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်မှ ရုတ်သိမ်းခဲ့သည်။
ဓါတ်ပုံ – AFP