မကွေးတိုင်း မဲအိုးတောင်အနီးတွင် စစ်ကောင်စီက ၆၀ မမ မော်တာများ ရမ်းသန်း ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်။ 

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် လက်ပွကျေးရွာအပြင် မဲအိုးတောင်တဝိုက်ကို ၆၀ မမ မော်တာများနှင့် ရမ်းသန်းပစ်ခတ်ခဲ့သည် ဟု သိရသည်။

ဧပြီလ ၂၆ ရက်နေ့၊ နံနက်အစောပိုင်းမှာ ဖောကားများဖြင့် ရာက်ရှိလာသည့် စစ်ကောင်စီ အင်အား ၆၀ ခန့် ပါဝင် သော စစ်ကြောင်းကပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကပစ၁၂ကမနက်မိုးမလင်းခင်ထဲကရောက်နေပြီး ၆နာရီလောက်မှာ၆လုံးလောက်ပစ်သံကြားရတယ်။ရွာထဲကိုယမ်းညှော်နံ့တွေတောင်ဝင်တယ်။ အဲ့ဒီဘက်မှာ PDF တွေမရှိတော့တာကြာပြီ ဟု ဒေသခံ တစ်ဦး က ပြောသည်။

ထိုပစ်ခတ်မှုသည် တိုက်ပွဲပုံစံ အပြန်အလှန် ပစ်ခတ်ခြင်းမျိုး မဟုတ်ဘဲ စစ်ကောင်စီဘက်က တဘက်သတ်ပစ်ခတ် သည့် လက်နက်ငယ်သံများလည်း ကြားရသည်ဟု ဒေသခံများထံမှ သိရသည်။

ယခုကဲ့သို့ ပစ်ခတ်နေခြင်းသည် ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် လဆန်းပိုင်းက မှိုက်ကျေးရွာစုပေါင်းစပါး တလင်းခုံ ဘက်ခြမ်းမှ ပစ်ခတ်ကာ ပြန်သွားကြသည်ဟု သိရသည်။

လှုပ်ရှားတယ်ဆိုတဲ့သဘောအထက်တင်ပြလို့ရအောင်သဘောလောက်လာလုပ်တာပါ။ဓာတ်ပုံရိုက်မှတ်တမ်းယူအထက်တင်ပြပေါ့။ဒါလုပ်နေကြပါ။ကပစ၁၂ကအထိနာနေတဲ့တပ်လို့သိရတယ် ဟု ဒေသခံ တစ် ဦး က ပြောသည်။

လက်နက်ကြီးသံများနှင့် နားမယဉ်သည့် ဒေသခံများသည် ကျေးရွာထဲသို့ ဗုံးများကျရောက်မည်ကို စိုးရိမ်နေ ကြ ပြီး ဝါးခုတ်၊ ထင်းခွေသမားများကလည်း လက်နက်ကြီးကျည် ထိမှန်မည်ကို စိုးရိမ် ထိတ်လန့်နေကြသည်ဟု သိရ သည်။

ယခု ပစ်ခတ်ခံရသည့် နေရာသည် သရက်နယ်ဘက် ပုဏ္ဏားကျေးရွာ၊ ဆတ်လည်ကျေးရွာတို့နှင့် မင်းတုန်းနယ် လက်ပွကျေးရွာ တို့ ကြားတွင် ဖြစ်သည်ဟုသိရသည်။

ကျည် ကျရောက်နိုင်သည့် နေရာသို့ သရက်-မင်းတုန်း ကားလမ်းဘက်မှလည်း ဝင်ရောက်နိုင်ပြီး ထိုနေရာတွင် PDF အဖွဲ့၏ မိုင်းဆွဲတိုက်ခတ်မှုကြောင့် စစ်သား ၆ ဦး သေဆုံးခဲ့ဘူးသည့် ဖြစ်စဉ်ကြောင့် သရက်နယ်အဆုံးနှင့် ကံမနယ် အဆုံး၊ မင်းတုန်းနယ်အဆုံးတို့ ဆုံရာက ပိတ်ဆို့ကာ ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြော ပြ ချက်အရ သိရသည်။