တွံတေးမြို့လယ် စစ်တပ်ဂိတ်ကို လောင်ချာဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၄ ရက်။

တွံတေးမြို့လယ်ခေါင်ရှိ စစ်ကောင်စီတပ် ထိုင်နေသည့် နေရာကို ၄၀ မမလောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည် ဟု တွံတေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုသည် နန်းထိုက်အောင် စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်က ပြန် လည်ပစ်ခတ်မှုများရှိသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်သည်ဟု ဆို သည်။

တွံတေးမြို့ခံ တစ်ဦး က “အိပ်မောကျတဲ့ အချိန်ဆိုတော့ အသံတော့ မကြားလိုက်ဘူး။ ဒီမနက်တော့ အစစ်အ ဆေးတွေ တော်တော်ကြမ်းနေတယ်။ ကားတွေရော ဆိုင်ကယ်တွေရော စစ်တာ။ မနေ့ကလည်း ဒလန်အသတ် ခံထားရတော့ လှည့်ကင်းတွေရော စစ်ဆေးတာတွေရောလုပ်နေတယ်” ဟု ပြောသည်။

တွံတေးမြို့လယ်ခေါင်တွင် စစ်ကောင်စီ သတင်းပေးများ ပစ်ခတ်ခံနေရခြင်းကြောင့် လုံခြုံရေးတင်းကြပ်နေသည့် ကြားမှပင် မေလ ၄ ရက်၊ နံနက် ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီ တပ်စွဲထားသည့် မြို့နယ် မီးသတ်စခန်းကို ၄၀ မမ လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် တွံတေးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၃ ရက်နေ့က စစ်ကောင်စီ သတင်းပေး ဦးမြဦးဆိုသူ အသတ်ခံရပြီး နောက်ပိုင်း ည ၇ နာရီအချိန်ခန့်တွင် တွံတေးမြို့ပေါ်ရှိ ဈေးဆိုင်ခန်းများ၊ နေအိမ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လိုက်ပိတ်ခိုင်းပြီး ဈေးသစ်ရပ် ကွက်နှင့် ကွမ်းခြံ (အနောက်)ရပ်ကွက်တို့တွင်လည်း သေနတ်ပစ်ဖောက်မှုများ လုပ်နေသည်ဟု မြို့ခံများက ဆို သည်။

တွံတေးမြို့နယ်အတွင်း စစ်ကောင်စီ သတင်းပေးဒလန်များ အသတ်ခံရမှု ခပ်စိပ်စိပ်ဖြစ်ပွားလာသဖြင့် ဆိုင်ကယ် နှစ်ယောက်စီးခြင်းကိုလည်း စစ်ကောင်စီက ကန့်သတ်သွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်ဟု ဒေသခံများ က ဆိုသည်။

ထို့အပြင် မေလ ၃ ရက်နေ့၊ ညနေပိုင်းတွင် ကော့မှူးမြို့နယ်၊ မကျီးကန်-ကျိုက်ထော်လမ်းမပေါ်ရှိ ငှက်အော်စမ်း ကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက် ခိုက်ခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး အပါအဝင် စစ်သားနှစ်ဦး သေဆုံးကာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု သိရသည်။

အလားတူ သန်လျင်မြို့နယ်၊ ပြည်တော်သာလမ်းအနီးရှိ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းဝင်း အတွင်းသို့ မေလ ၃ ရက်နေ့၊ ညနေ ၅ နာရီ အချိန်က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

ရန်ကုန် တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကော့မှူး၊ တွံတေးမြို့နယ်များ အတွင်းရှိ စစ်ရေးပစ်မှတ် များကို နန်ထိုက်အောင် စစ်ဆင်ရေး စီမံချက်ဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက် လျက် ရှိသည်။