မအူပင် NLD အမတ်အိမ်ကို သွေးသောက်အဖွဲ့က မီးရှို့ရန် ကြိုးပမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်။

ဧရာဝတီတိုင်း မအူပင်မြို့တွင် စစ်ကောင်စီက ဖွဲ့စည်းပေးထားသည်ဆိုသော သွေးသောက်အဖွဲ့က အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် NLD ပါတီ အမတ်တစ်ဦး၏ နေ အိမ်ကို မီးတင်ရှို့ခဲ့သည်ဟု သိရ သည်။

မအူပင်မြို့၊ အမှတ်၂ ရပ်ကွက်ရှိ NLD ပါတီက ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၏ နေအိမ်မှာ မေလ ၃ ရက်နေ့ ည ၁၀ နာရီဝန်းကျင် အချိန်က မီးရှို့ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

“ဓာတ်ဆီလောင်းပြီး မီးရှို့တာမှာ ရပ်ကွက်က အသိမြန်လို့ နည်းနည်းပဲ လောင်သွားတယ်။ သွေးသောက်အဖွဲ့ ဆို ပြီး သတိပေးစာလည်း ကပ်သွားသေးတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

သတိပေးစာကပ်ပြီး ဓါတ်ဆီလောင်း မီးရှို့ခံရခြင်းဖြစ်ရခြင်း ဖြစ်ပြီး၊ ရပ်ကွက်အတွင်း နေထိုင်သူများက အချိန်မှီ သိ ရှိပြီး ဝိုင်းဝန်းငြိမ်းသတ်နိုင်ခဲ့သဖြင့် နေအိမ်မှာ မီးလောင်ဆုံးရှုံးမှုမရှိဘူးဟု ဒေသခံများက ဆက်ပြောသည်။

ယင်း သတိပေးစာကပ် ခြိမ်းခြောက် မီးရှို့ခြင်းကို မအူပင်မြို့က “ငှက်မုဆိုး” အမည်ရှိ စစ်ကောင်စီ လက်အောက်ခံ သွေးသောက်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည် ဟု ယင်းအဖွဲ့၏ သတိပေးစာ အရ သိရသည်။

“အေးချမ်းနေတဲ့ မအူပင်မြို့ကို မနှောက်ယှက်နဲ့၊ ငါတို့မြို့သွေးစွန်းရင် မင်းတို့အား လုံး မျိုးပြုတ်မယ်။ နောက်ဆုံး အကြိမ် သတိပေးခြင်းဘဲ၊ ငှက်မုဆိုး၊ မအူပင်သွေး သောက်အဖွဲ့” ဟု သတိပေးစာတွင် ဖော်ပြပါရှိသည်။

ဧပြီလ နောက်ဆုံး အပတ်အတွင်းက ဧရာဝတီတိုင်း အတွင်း၌ စစ်ကောင်စီအဖွဲ့က ထောင်ထွက်၊ လူဆိုးများ ပါဝင် နေသည့် ပျူစောထီး နှင့် မဘသ အဖွဲ့ဝင်များထဲမှ လူများကို ရွေးချယ်၍ သွေးသောက်အဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ယခု မေလဆန်းတွင် ဟင်္သာတမြို့နှင့် မအူပင်မြို့တို့တွင် “သွေးသောက်အဖွဲ့”ဟု ပေါ်ထွက်လာကာ NLD ပါတီဝင် များနှင့် စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်သူများကို ရည်ရွယ်သည့် ခြိမ်းခြောက်စာများ ဖြန့်ဝေမှုတို့ကိုလည်း ပြု လုပ်လာသည်ဟု ဒေသခံများက ပြောသည်။