မုဒုံ ရပ်ကွက်အုပ်ချုပ်ရေးရုံး ဗုံးကွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်။
မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မေလ ၆ ရက်နေ့၊ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။
ပေါက်ကွဲမှုဖြစ်စဥ်သည် မေလ ၆ ရက်နေ့ (ယနေ့) နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအခြေ အနေနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မကြားသိရဟု မြို့ခံများက ပြောသည်။
“ပေါက်ကွဲသံက အကျယ်ကြီးပဲ အိမ်ပါ တုန်သွားတယ်။ ဗုံးပေါက်တယ်လို့ ပြောကြတယ်။ ကိုယ်လည်း သေချာ မသိဘူး။ လူထိခိုက်တာ ဘာညာလည်းဘာမှ မကြားမိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကြောင့် မြို့မ ၄ ရပ်ကွက်ရုံ အနီးတဝိုက်တွင် လုံခြုံရေးများ တင်းကျပ်ထားသည့် အပြင် မြို့ ပေါ်က နေရာအချို့တွင်လည်း စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။
မုဒုံ မြို့မ ၄ ရပ်ကွက်ရုံးကို မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း (MSRO) က သတိပေးဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ယခုဖောက်ခွဲမှုဖြစ်စဥ်သည် MSRO အနေနှင့် မုဒုံမြို့နယ်အတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု လည်း MSRO က ဆိုသည်။
နောက်နောင်တွင်လည်း စစ်ကောင်စီ လက်အောက်ခံ ရုံးများ၊ ဌာနများ၊ ရဲ၊ စစ်သားနှင့် ဒလန်များကို ဆက်လက် တိုက်ခိုက်သွားမည်ဟု MSRO က အသိပေးထုတ်ပြန်ထားသည်။
ထို့အပြင် MSRO အဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအပြင် အုပ်ချုပ် ရေးမှူး နေအိမ်များ၊ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၏ နေအိမ်များအား မကြာခဏ တိုက်ခိုက်လေ့ရှိ သည်။