သန်လျင်မှ ဒလန်ဆိုသူကို ကားဖြင့် လိုက်ပစ်သတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်။

တော်လှန်ရေး အင်အားစုများ၏ သတင်းများကို ထောက်လှမ်းကာ စစ်ကောင်စီအား သတင်းပေးနေသည့် စစ် ဘက်ရေးရာ လုံခြုံရေးတာဝန်ခံ ဇော်ထွန်း (ခ) ဦးငယ် ကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းလိုက်သည် သန်လျင် ပြည်သူ့ ကာကွယ်ရေး အဖွဲ့က ပြောသည်။

မေလ ၁၁ ရက်၊ နံနက် ၇ နာရီဝန်းကျင် အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရသည့် ဇော်ထွန်း(ခ)ဦးငယ် ဆိုသူသည် စစ်ကောင်စီ၏ အဓိကကျသည့် ထောက်တိုင်တစ်ခုဖြစ်ပြီး တရားမဝင်စီးပွားရေးသမားများနှင့် ပေါင်း သင်းငွေရှာလျက်ရှိကာ မကြာသေးမှီအချိန်က အိမ်အသစ်နှင့် ကားအသစ်ဝယ်ယူထားသူတစ်ဦးလည်း ဖြစ်သည်ဟု သန်လျင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

သန်လျင် အောင်ချမ်းသာရပ်ကွက်အတွင်း နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “မနက်က ၁၈ ကုန်းမှာ ဟွန်ဒါဖစ် အပြာရောင်ကား တစ်စီး ပက်လက်လန်နေတာတော့ တွေ့တယ်။ မတော်တဆ ဖြစ်ပြီး မှောက်နေတယ်ပဲထင်တာ။ လိုင်းဖွင့်ကြည့်မှ ဒလန်ကားမှန်းသိတာ။ ၁၈ ကုန်းဘက်မှာလည်း အစစ်ဆေး တွေ တော်တော်များနေတာ အဲ့ဒါကြောင့်ထင်တယ်” ဟု ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသည့် ဒလန်ဆိုသူ ဦးဇော်ထွန်းသည် သန်လျင်မြို့၊ အောင်ချမ်းသာ အေးသစ္စာရပ်ကွက် အတွင်း နေထိုင်သူဖြစ်ပြီး သန်လျင်မြို့နယ်အတွင်းရှိ ၎င်းသည် တော်လှန်ရေး လုပ်ဆောင်သူမှန်သမျှကို စစ် ကောင်စီအား သတင်းပေးခဲ့သည့်အတွက် ဖမ်းဆီးခံထားရသူများလည်း ရှိနေသည်ဟု ရပ်ကွက်အတွင်းက အမျိုး သမီးက ပြောသည်။

စစ်ကောင်စီ သတင်းပေးဇော်ထွန်း (ခ) ဦးငယ် သည် အောင်ချမ်းသာ ကွန်ကရစ်လမ်းမအတိုင်း ကားမောင်းလာစဉ် WH ဟိုတယ်အနီးတွင် သန်လျင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အချို့က ဘေးချင်းယာဉ်မောင်းကာ ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ပစ်ခတ်ရာ မောင်းပြေးသဖြင့် ၃ ကြိမ်တိုင် နောက်မှလိုက်လံပစ်ခတ်ခဲ့ရပြီး သေနတ်ထိမှန်ပြီးနောက် လမ်း ဘေး ဓါတ်တိုင်ကို ဝင်တိုက်ပြီး ကားပက်လက်လန်သွားခဲ့သည်ဟု သန်လျင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

သန်လျင်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ဒလန်ဟု ဆိုသူ ဇော်ထွန်း(ခ)ဦးငယ်ကို သေနတ်ဖြင့် ၁၃ ချက်ခန့် ပစ်ခတ် ခဲ့ရ ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များသည် ဘေးကင်းသည့် နေရာတွင်ရောက်ရှိနေပြီဟု သန်လျင်ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံမှ သိရသည်။

ထို့အတူ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြို့ပြပြောက်ကျားအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ရာအိမ်မှူး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးလည်း သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု ၃ ရပ်ကွက် အတွင်းနေထိုင်သူများ၏ ပြောပြချက်အရ သိရသည်။