တောင်ကြီး အခြေစိုက် ပျောက်ကြားအဖွဲ့ နိုက်ကလပ်စောင့် စစ်သားအား ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၆ ရက်။
ရှမ်းပြည်နယ် အခြေစိုက် ပျောက်ကြား အဖွဲ့ဖြစ်သည့် Shan Youth’s Fedral Democratic Army- SYFDA Rangers အဖွဲ့ဖြစ်သည့် မြေအောက်တော်လှန်ရေး အဖွဲ့က နိုက်က လပ်တစ်ခုတွင် စစ်ကောင်စီတပ်သား တစ်ဦးအား အသေဖမ်းမိသည်ဟု ထုတ်ပြန်ကြေညာသည်။
တောင်ကြီးမြို့ပေါ်ရှိ Play House နိုက်ကလပ်သည် စစ်ကောင်စီ လက်အောက်တွင် လူငယ်များ သွေးအေးစွာဖြင့် ညဘက် ပျော်ပါး သည့်နေရာ ဖြစ်နေသာကြောင့် ပိတ်သိမ်းပေးရန် မေလ (၁၁) ရက်နေ့ကတည်းက သတိပေးပြီးဖြစ်ရာ ဆိုင်ရှင်မှ မလိုက်နာသည့်အတွက် စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု မြေအောက်တော်လှန်ရေး အဖွဲ့ SYFDA Rangers အဖွဲ့က ထုတ်ပြန်ခဲ့သည်။
“ဒီမစ်ရှင်ကတော့ မခက်ခဲပါဘူး။ အလွယ်တကူပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ စစ်ဝတ်စုံနဲ့ပဲ အရှင်ဖမ်းမိတာပါ။ သူ့ဘက် က ပြန်လည်ခုခံခဲ့လို့ ပစ်ခတ်လိုက်ရတာပါ။ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ ဒီမစ်ရှင်ကြောင့် ပိုလည်းအား တက်ပါ တယ်။ ဒီထက် ပိုလုပ်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်” ဟု SFDA-Rangers အဖွဲ့ တာဝန်ရှိသူ ဗိုလ်မင်းသိင်္ခက ပြောသည်။
စစ်ကောင်စီ၏ လည်ပတ်နေသော ယန္တရားများ ရပ်တန့်သွားအောင် နည်းလမ်းမျိုးစုံဖြင့် တော်လှန်နေသည်ဟု ၎င်းတို့အဖွဲ့အကြောင်း ကြေညာချက်တွင် ထည့်သွင်းထားသည်။
၎င်းတို့အဖွဲ့အနေဖြင့် ကလပ်ဖွင့်မဖွင့် အပြင်မှ မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပြီး လူအဝင်အထွက်များ ပြုလုပ် နေသည်ကို တွေ့ရသောကြောင့် ဖောက်ခွဲရေး ပြုလုပ်ရန် ပြင်ဆင်ခဲ့ကြောင်း၊ ထိုသို့ ပြင်ဆင်နေစဉ် စစ်ကောင်စီ တပ်သား တစ်ဦးမှ ကြိုတင် လုံခြုံရေး ယူထားသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ တပ်သားမှာလည်း လက် နက်ထားခဲ့ပြီး အပေါ့အပါးသွားနေစဉ် ၎င်းတို့မှာ အစီအစဉ်ပြောင်း၍ ဝိုင်းဝန်း ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့သို့ စစ်ဆေးနေစဉ် ယင်းစစ်ကောင်စီ တပ်သားမှ ၎င်းတို့ လက်နက်အားလုပြီး ပြန်လည်ခုခံခဲ့သဖြင့် ပစ်သတ် လိုက်ရခြင်း ဖြစ်သည်ဟု SYFDA- Rangers အဖွဲ့ထံမှ သိရသည်။
အဆိုပါဖြစ်စဉ်အတွင်း SYFDA- Rangers အဖွဲ့က ရဲဘော်တစ်ဦးလည်း ယင်းစစ်ကောင်စီတပ်သားနှင့် လုံးထွေး သတ်ပုတ်ရင်း ရုတ်တရက်ထွက်လာသည့် ကျည်ဆံကြောင့် ပေါင်တွင် ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူနေရသည် ဟု ဆိုသည်။
ရှေ့ဆက် လုပ်ဆောင်သွားမည့် စစ်ဆင်ရေးများကိုလည်း ပြည်သူများ အန္တရာယ် မဖြစ်စေပဲ ရှောင်ရှားသွားလာ နိုင်ရန် SYFDA- Rangers Page မှတစ်ဆင့် ကြိုတင် အသိပေးထုတ်ပြန် သွားမည်ဖြစ်ကြောင်း ဗိုလ်မင်းသိင်္ခက ဆို သည်။
လက်ရှိ တောင်ကြီးမြို့ပေါ်တွင် စစ်ရေးလှုပ်ရှားနေသော SYFDA- Rangers အဖွဲ့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လွတ်မြောက်နယ်မြေများတွင် စစ်ပညာသင်ကြားပြီးနောက် ယခု စစ်ဆေး ရေးမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။
SYFDA- Rangers အဖွဲ့သည် မေလ (၁၁) ရက်နေ့က အင်းလေးဒေသ ခေါင်တိုင်ဈေးတွင် ဒလန်နှစ်ဦးအား ပစ်ခတ် ရှင်းလင်းခဲ့သည့် IPDF အဖွဲ့နှင့် မဟာမိတ်များဖြစ်ကာ လာမည့် စစ်ဆင်ရေးများတွင်လည်း ပူးတွဲလုပ်ဆောင်သွား မည် ဖြစ်ကြောင်း သိရသည်။