ကချင်ပြည်နယ် ခရိုင်များတွင် စစ်ကောင်စီ လက်အောက် ဌာနဆိုင်ရာ ဝန်ထမ်းများ အားလုံး နုတ်ထွက်ရန် KIA တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၁၇ ရက်။

ကချင် လွတ်လပ်ရေး တပ်မတော် KIA ထိန်းချုပ်ရာ ခရိုင် ၄ ခုတွင် စစ်ကောင်စီ လက်အောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအားလုံး ရာထူးတာဝန်များမှ နုတ်ထွက်ကြရန် အသိပေးတိုက်တွန်းချက် တစောင် ထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဟူးကောင်း၊ တနိုင်း၊ ရှင်ဗွေယာန် စသည့် KIO ခရိုင်အုပ်ချုပ်ရေးရုံး အသီးသီးက စစ်ကောင်စီ လက်အောက်တွင် အလုပ်လုပ်နေကြသည့် ဝန်ထမ်းများကို ရာထူးတာဝန်များမှ နုတ် ထွက်ကြရန် အသိပေးတိုက်တွန်းချက် ထုတ်ပြန်လိုက်ရာ ဝန်ထမ်းများအပြင် ဒေသခံများက စိုးရိမ်နေကြသည်။

အဆိုပါ ခရိုင် ၄ ခရိုင်က မေလ ၁၄ ရက်နေ့တွင် အသိပေးတိုက်တွန်းချက် တစ်စောင်စီ ခရိုင်အလိုက် ထုတ်ပြန် လိုက် ခြင်းဖြစ်ရာ တနိုင်း-ဟူးကောင်းဒေသ ဝန်ထမ်းများအပေါ် ဖြစ်လာနိုင်သည့်အခြေအနေနှင့် ပတ်သက်၍ ဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

တနိုင်းဒေသခံတစ်ဦးက “ဒီဟာက ဝန်ထမ်းတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေကတော့ ရှိနိုင်တယ်။ နဂိုက နေတောင်မှ တချို့ဝန်ထမ်းတွေကျတော့ သူ့ရဲ့ မိသားစု အခက်အခဲတွေကြောင့်ပေါ့နော။ အခြေအနေ အမျိုးမျိုး ကြောင့်ပေါ့နော် အစိုးရဝန်ထမ်းဝင်းထဲမှာ ဆက်နေတဲ့လူတွေလည်း ရှိတာပေါ့။ တချို့ကျတော့လည်း ပင်စင်က လည်း ရခါနီးဆိုတဲ့ဟာမျိုးတွေ တချို့တွေက မိသားစု အခက်အခဲတွေကြောင့် အမျိုးမျိုးကြောင့် ပေါ့နော် CDM မလုပ်ပဲနဲ့ ဝန်ထမ်းဆက်လုပ်နေတဲ့ လူတွေရှိတယ်။ ဆိုတဲ့ဟာကျတော့ သူတို့လည်း လုပ်သာလုပ် နေတာ စိတ်ထဲ မှာတော့ သူတို့လည်း မလုံမလဲနဲ့ လုပ်နေတဲ့ ဟာတွေမှာ အခုဒီစာပြန်ထွက်လာတယ်ဆိုတော့ တော်တော်လေး တော့ သူတို့ အလုပ်လုပ်ရတာတော့ ကသိကအောက်တော့ ဖြစ်မှာပဲ။ ဒါအဲလိုမျိုးတော့ ဖြစ်မှာပဲ ရုံးမတက်တာ မျိုး တော့ မရှိရင်တောင်မှ အလုပ်လုပ်ရတာ ခန့်လန့်လန့်ပေါ့နော်။ အဲဒါမျိုးနဲ့ သူတို့ အဲဒီပုံစံတော့ သူတို့ ဖြစ်မှာတော့ သေချာတယ်” ဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခရိုင် ၄ ခု၏ ထုတ်ပြန်ချက်ထဲတွင် တာဝန်အသီးသီးမှ နုတ်ထွက်ရပ်နားခြင်းမရှိဘဲ စစ်ကောင်စီ လက်အောက်တွင် ဆက်ပြီး တာဝန်ထမ်းဆောင် ကြမည်ဆိုပါက နောက်ဆက်တွဲ ဖြစ်လာမည့် ပြဿ နာ အကျိုးဆက်များကို တာဝန်ယူမည် မဟုတ်ကြောင်းနှင့် ထိုအကျိုးဆက်များအပေါ် မိမိကိုယ်တိုင်က တာဝန် ယူ ရမည်ဟု ဆိုသည်။

ယခုထုတ်ပြန်ကြေညာချက်သည် KIO ဗဟိုဌာနချုပ်က ထုတ်ပြန်ခြင်းမျိုးမဟုတ်ဘဲ ခရိုင်အုပ်ချုပ်ရေးရုံး အသီးသီး က ထုတ်ပြန်ခြင်းသာဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်များအရ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန်များ မှ မနုတ်ထွက်ကြပါက အရေးယူခြင်းမျိုးရှိလာနိုင်သည်ဟု KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

စစ်ကောင်စီက နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မတရား အဓမ္မသိမ်းယူပြီး ပြည်သူများအပေါ် ဥပဒေမဲ့ ဖမ်း ဆီး နှိပ်စက် သတ်ဖြတ်မှုများကို နည်းမျိုးစုံနှင့် ကျူးလွန်နေကြာင်း၊ ထို့ကြောင့် ပြည်သူများကလည်း စစ်အာဏာ ရှင်ကို လုံးဝလက်မခံပဲ နည်းလမ်းပေါင်းစုံဖြင့် တွန်းလှန်နေကြသည့်အတွက် အစိုးရဝန်ထမ်းများ အနေနှင့်လည်း ပြည်သူများနှင့် ပူးပေါင်းသင့်သည်ဟု မြစ်ကြီးနားနှင့် ဟူးကောင်ခရိုင်ရုံး ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

တဖက်တွင်လည်း ယခုထုတ်ပြန်ချက်ကြောင့် CDM လုပ်ထားသည့် ဝန်ထမ်းများအတွက် အားတစ်ရပ်ဖြစ်လာနိုင် သည်ဟု ဒေသခံတစ်ဦး က ဆက်ပြောသည်။

“နောက်တစ်ခုကတော့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ အတွက်ကတော့ အင်အားဖြစ်တောပေါ့။ ဘာပဲဖြစ်ဖြစ် အဲ လိုမျိုး ထုတ်ပြန်ပေးတာကျတော့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကျတော့ အော်ဒါ သူတို့ လုပ်တဲ့လူတွေလည်း စိတ်သက်သက်သာသာနဲ့ သူတို့ လုပ်လို့မရတော့ဘူးပေါ့နော။ အဲလိုမျိုး ထုတ်ပြန်ပေးတဲ့အတွက် နောက်ပိုင်း လည်း လက်တွေ့လည်း အက်ရှင်ယူတဲ့အပိုင်းတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော။ အဲဒါမျိုးတွေကျတော့ စိုးရိမ်စရာက အဲဒါမျိုးတွေ ရှိတာပေါ့။ ဥပမာဆိုရင် ရုံးတို့ ရုံးသွားလာတာနေရာမှာ မြို့တွင်းတို့ တနိုင်းမှာကျတော့ မြို့ တွင်းမှာ ဖောက်ခွဲတာတွေ ဘာတွေက မရှိဘူးလေနော။ မရှိဘူးလို့ ပြောလို့ရတယ်။ ကျနော်တို့ တနိုင်းမှာ ကျတော့ အဲဒါက ဒီထုတ်ပြန်ချက်ကြောင့်လည်း နောက်ပိုင်းက စိုးရိမ်စရာတော့ ရှိတာပေါ့။”

တနိုင်း-ဟူးကောင်းဒေသ လီဒိုလမ်းတစ်လျှောက်နှင့် မြစ်ကြီးနားခရိုင်ထဲတွင် စစ်တပ်က အာဏာသိမ်းပြီး နောက် ပိုင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေ သည်။ ထိုသို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အပြင် ယခုထုတ်ပြန်ချက်ကြောင့် စစ်ရေးအခြေအနေမှာ ယခုထက် ပိုမိုတင်းမာလာနိုင်သည့်အတွက် ဒေသခံများက စိုးရိမ်နေကြသည်။

ယခု ဖြစ်ပွားနေသည့် တနိုင်း-လီဒိုလမ်းတစ်လျှောက်က တိုက်ပွဲများတွင် ဒေသခံ PDF နှင့် KIA တို့ ပူးပေါင်းပြီး စစ်ကောင်စီ၏ စစ်ကြောင်းများကို တောက်လျှောက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ဒေသအတွင်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ “နေရာအတိအကျ ပြောလို့မရပါဘူး။ သူတို့ကတော့ စစ်ကောင် စီဖက်က စစ်တပ်ရဲ့ လှုပ်ရှားမှုအပေါ်ပေါ့နော လှုပ်ရှားသွားလာမှုအပေါ်မှာ မူတည်ပြီးမှ အဲဒီသူတို့ တွေ့ဆုံတဲ့ နေ ရာမှာ တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုးတွေပေါ့။ တကယ့် စခန်းသိမ်းတာမျိုးတို့ အဲဒါမျိုးတွေ တကယ့် ထိုးစစ်ဆင်တာမျိုး တွေကတော့ နည်းနည်းတော့ အလှမ်းဝေးတယ်။ သူတို့စစ်ကောင်စီတွေရဲ့ တပ်အပြောင်းအရွှေ့ အသွားအလာ အဲ ဒီလိုမျိုးမှာ သူတို့ တွေ့တဲ့နေရာမှာ သူတို့ ပစ်ကြတာပဲ။ တောမှာတွေ့ရင်တော့ တောမှာ ပစ်ကြတာပဲ လမ်းမှာ တွေ့ရင်တော့ လမ်းမှာ ပစ်ကြတာပဲနော်။ သူတို့ထုတ်ပြန်ချက်အပေါ်မှာ ကြည့်မယ်ဆိုရင်တော့ PDF နဲ့ KIA ပူး ပေါင်းပြီးတော့ ပြောကြတာပဲလေနော” ဟု ပြောသည်။

KIO ခရိုင်ရုံးများက ထုတ်ပြန်လိုက်သည့် ထုတ်ပြန်သတိပေးချက်များအရ နောက်ပိုင်းတွင် နှစ်ဖက်ကြား တိုက်ပွဲ များ ပိုမို ပြင်းထန်လာနိုင်သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။

ယခုကဲ့သို့ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို KIO ခရိုင်ရုံးများက သတိပေးစာ ထုတ်ပြန်ခြင်းသည် ယခုအကြိမ်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ အရှေ့ပိုင်းမှာလည်း KIO တပ်မ ဟာ-၈ အင်းတော်ခရိုင် အုပ်ချုပ်ရေးရုံးကလည်း သတိပေးစာ ထုတ်ပြန်ထားသည်။

မြစ်ကြီးနား၊ တနိုင်း၊ ဟူးကောင်းနှင့် ရှင်ဗွေယာန် ခရိုင်အုပ်ချုပ်ရေးရုံးတို့၏ သတိပေးထုတ်ပြန်ချက်ထဲတွင် စစ် ကောင်စီ လက်အောက်က ဝန်ထမ်းများအနေဖြင့် ဘယ်အချိန်တွင် နောက်ဆုံးနှုတ်ထွက်ရမည် ဆိုသည့် နေ့၊ ရက်၊ အချိန် အတိအကျ ကန့်သတ်ထားခြင်းမျိုး မရှိသေးပေ။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO လက်အောက်တွင်ရှိနေသည် ခရိုင်အုပ်ချုပ်ရေးရုံးများကဲ့သို့ ကရင်အမျိုးသား အစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေများဖြစ်သည့် ဘားအံ၊ မူတြော်-ဖာပွန်နှင့် သထုံခရိုင်တို့ ဘက်တွင်လည်း စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာများက ဝန်ထမ်းများ၊ အရပ်ဘက်အုပ်ချုပ်ရေး တာဝန်ရှိသူများ ထွက်ခွာ ပေးရန် ယခုနှစ် အစောပိုင်းတွင် အသီးသီး သတင်းထုတ်ပြန်ခဲ့ကြသည်။