တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၆ – ၅ – ၂၂ )
ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌကို ထပ်မံတရားစွဲဆို ခံထားရတဲ့အမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို ကန့်ကွက်စာတင်ထားပါတယ် ။
KNU- တပ်မဟာ ၅ နယ်မြေမှာ ဧပြီလတစ်လအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀၀ နီးပါးနဲ့ KNLA ဘက်က ၃ ယောက်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖြစ်လာဖို့ ဘာတွေ လိုအပ်သလဲ ဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။