မြစ်ကြီးနား ဧရာရုံ လူကြည့်နည်းသဖြင့် အရောင်းမြင့်တင်ရေးလုပ်ဆောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်။

ကြည့်ရှုသူ နည်းပါးနေသော မြစ်ကြီးနားမြို့ ဧရာ ရုပ်ရှင်ရုံတွင် ကြည့်ရှုသူများကို အခမဲ့ ကော်ဖီတိုက်မည်ဆိုကာ အရောင်းမြှင့်တင်ရေး လုပ်ဆောင်နေကြောင်း မြစ်ကြီးနား မြို့ခံများက ပြောသည်။

ရုပ်ရှင်လာရောက်ကြည့်ရှုသူများကို ကော်ဖီအခမဲ့ တိုက်မည် ဟု “ဧရာရုပ်ရှင်ရုံ မြစ်ကြီးနားမြို့” ၏ Online Page တွင် မေလ ၂၀ ရက်နေ့က ကြော်ငြာထားခြင်းဖြစ်သည်ဟု မြစ်ကြီးနားဒေသခံများက ပြော သည်။

မြစ်ကြီးနားမြို့ခံ ကိုဇေက “promotion marketing ဆင်းတဲ့အနေနဲ့ ကော်ဖီတိုက်မယ် ဘာညာတင်ထားတာ နေ မှာပေါ့။ ဧရာရုပ်ရှင်ရုံကို Boycott လုပ်တာထက်ကို အခုအချိန်မှာ လူတွေရဲ့ စိတ်အခြေအနေက သိပ်ပြီးမှ မကောင်းကြဘူးကွာ။ မကြည့်လည်း ဘာဖြစ်လဲဆိုတဲ့ လူတွေက များနေတာကွာ။ တကယ်တော့ သွားကြည့် လည်း ဘာမှမဖြစ်ပါဘူး။ အကိုတို့သွားကြည့်လည်း ဘာမှမဖြစ်ဘူး ကြည့်လို့ရတယ်။ ဒါပေမယ့် မကြည့်ချင် ဘူးကွာ နိုင်ငံရေး အခြေအနေ မငြိမ်သက်လို့ မပျော်ရွှင်လို့ ရုပ်ရှင်မကြည့်ဖြစ်တာ” ဟု ပြောသည်။

မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံကို COVID-19 ကပ်ရောဂါကူးစက်မှု ဖြစ်ပွားမှစတင်၍ လက်ရှိ စစ်တပ်က အာ ဏာသိမ်း ပြီးချိန်အထိ နှစ်နှစ်ကျော်ပိတ်ထားခဲ့ရာမှ ဧပြီလမှ စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း လာရောက် ကြည့်ရှုသူ နည်းပါးနေသည့်အတွက် ယခုကဲ့သို့ ကြော်ငြာခြင်း ဖြစ်နိုင်သည်ဟု မြစ်ကြီးနားမြို့ခံအချို့က ပြော သည်။

မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံကို ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတရက်)နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း ယခင်ကထက် လာရောက်ကြည့်ရှုသူ နည်းပါးနေသည်ဟု မြစ်ကြီးနားမြို့ခံများက ဆိုသည်။

မြစ်ကြီးနားမြို့က ရုပ်ရှင်ရုံအပါအဝင် မြန်မာနိုင်ငံအနှံ့က ရုပ်ရှင်ရုံများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒ ပြခဲ့သဖြင့် ထိန်းသိမ်းခံခဲ့ရသူများထဲမှ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်များက ပြန် လွတ်လာသည့် အနုပညာသည်များ၏ ဇာတ်ကားများကိုလည်း ဆက်တိုက်ပြသနေသည်။

မြစ်ကြီးနားမြို့ရှိ ဧရာရုပ်ရှင်ရုံကို COVID-19 ရောဂါ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့ မှ စတင်၍ ရုပ်ရှင်ပြသခွင့် ရပ်ဆိုင်းထားခဲ့ပြီး လူ ၄၀၀ အထိ စုဝေးနိုင်သည့် COVID-19 ဆိုင်ရာ စည်းကမ်းချက် များကို ဖြေလျော့ပေးပြီး ရုပ်ရှင်ရုံများအား ပြန်ဖွင့်ရန် စစ်ကောင်စီက ကြေညာခဲ့သည်။

စစ်ကောင်စီက ရုပ်ရှင်ရုံများ ပြန်ဖွင့်ခိုင်းထားသော်လည်း မြန်မာတစ်နိုင်ငံလုံးက ရုပ်ရှင်ရုံများတွင် ကြည့်ရှုသူ မရှိ သလောက် နည်းပါးနေသည့်အတွက် အရှုံးခံကာ ပြသနေကြရသည်ဟု သိရသည်။