လောင်စာဆီဈေးတက်သဖြင့် ဆိုက်တွဲ၊ ဆိုက္ကားဆရာများ အခက်ကြုံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်။

စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေသဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆိုင်ကယ်ဘေးတွဲ မောင်းသူများနှင့် သုံးဘီးယာဉ်မောင်းနှင်သူများ အခက်အခဲများနှင့် ကြုံနေရသည်ဟု ပြောသည်။

စက်သုံးဆီဈေးတက်၍ ယခင်ကထက် ခရီးသည်များကို ပို့ဆောင်ခ ဈေးနှုန်း ပိုတိုးတောင်းရသဖြင့် ခရီးသည် များရှားပါးလာနေသည်ဟု ဆိုက်တွဲမောင်းနှင်သူ ကိုသက်က ပြောသည်။

“ပိုက်ဆံ တိုးတောင်းတော့လည်း တစ်ထောင်တန်တဲ့ လမ်းကြောင်းကို ထောင့် ငါးရာတောင်းလည်း မကိုက် နှစ်ထောင်တောင်းတော့ မပေးချင်ကြဘူး။ သွားတဲ့သူလည်း ဒုက္ခရောက် မောင်းတဲ့ သူတွေလည်း ဒုက္ခရောက်တယ်ဗျာ။ ပုံမှန်စီးနေကျ ဖောက်သည်တောင် ဈေးတိုးတောင်းလိုက်ရင် တော်ပြီကွာ
မစီးတော့ပါဘူးဆိုပြီး ခြေလျင်သွားကြတာတွေလည်း ရှိတယ်။ ဆိုက်တွဲပျက်ရင်လည်း အရင်က တစ်သောင်းခွဲ တန် ပစ္စည်းက အခုနှစ်သောင်းခွဲ ပေးဝယ်ရတယ်။ အစစအရာရာ ဒုက္ခရောက်နေတာ အိမ်ဌားခနဲ့ ဘာနဲ့ မလွယ် တော့ဘူး” ဟု ပြောသည်။

ဆိုက်တွဲမောင်းနှင်သူ ကိုသက်က နေ့စဉ်အကြိုအပို့ ဖောက်သည်များဆီမှ ရရှိသည့် ဝင်ငွေသာ ရှိသည်ဟု ပြော သည်။

မေလ ၂၁ ရက်နေ့က မြစ်ကြီးနားမြို့တွင် နိုင်တီတူး (92) ဆီတစ်လီတာလျှင် ၂၄၅၀ ကျပ်ပေးဝယ်ရပြီး ပူတာအို မြို့တွင် ၂၆၀၀ ကျပ် အထိ ရောင်းချနေကြသည်ဟု မြို့ခံများက ဆိုသည်။

ထို့အပြင် အချို့ဆီဆိုင်များနှင့် ရပ်ကွက်များအတွင်း ပုလင်းဖြင့်ချိန်၍ ဓာတ်ဆီ တစ်နိုင်တစ်ပိုင် ရောင်းချသူ အများစုလည်း ဆီကားအဝင်မရှိ၍ ဈေးနှုန်းကြီးမြင့်မှုကြောင့် ဆိုင်များပိတ်ထားကြသည်ဟု သိရသည်။

ဆီးစျေးများ မြင့်တက်မနေသည့်အတွက် ဆိုက်တွဲမောင်းပြီး အသက်မွေးဝမ်းကျောင်းနေသူအချို့သည် ယခု နောက်ပိုင်း အခြား ကျပန်းလုပ်ငန်းများသို့ ပြောင်းရွေ့လုပ်ကိုင်နေကြရသည်ဟု ဆိုသည်။

မြစ်ကြီးနားမြို့က စည်ပင်သာယာပိုင် အမှတ် ၁ စျေး နှင့် အမှတ် ၂ စျေး အနီးတွင် ဆိုက်တွဲမောင်းသူ စုစုပေါင်း ၅၀ ခန့်ရှိသည်ဟု ဆိုက်တွဲမောင်းနှင်သူများ၏ ပြောပြချက်အရ သိရသည်။

မြစ်ကြီးနားမြို့တွင် ဧပြီလအတွင်းကလည်း စက်သုံးဆီ ပြတ်လပ်မည်ဆိုသည့် သတင်းများထွက်ပေါ်ခဲ့ပြီး တန်း စီ၍ ဆီဝယ်ယူသူများပြားခဲ့ရာမှ အချို့ဆီဆိုင်များမှာ ဆိုင်ပိတ်ထားရသည့်အထိ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ သည်ဟု မြစ်ကြီးနားဒေသခံများက ပြောသည်။