စစ်ကောင်စီ တပ်အင်အားဖြည့်မှုကြောင့် တိုက်ပွဲ ဖြစ်လာမည်ကို ပူတာအို ဒေသခံများ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ မေလ ၂၇ ရက်။

စစ်ကောင်စီက ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း စစ်အင်အားတိုးချဲ့လာမှုများ ရှိလာနေသည့်အတွက် ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်လာပြီး စားဝတ်နေရေး ပိုခက်ခဲလာမှာကို စိုးရိမ်နေကြသည်ဟု ပူတာအို ဒေသခံများက ပြောသည်။

မေလ နောက်ဆုံးအပတ်အတွင်း ပူတာအိုမြို့တွင် စစ်ကောင်စီက စစ်ကား အစီး ၄၀ ကျော်၊ စစ်အင်အား ၂၀၀ ကျော်ခန့် လုံခြုံရေး အပြည့်ဖြင့် ရောက်ရှိလာသည့်အပေါ် ပြည်သူများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

ပူတာအိုမြို့ရှိ ဒေသခံတစ်ဦး “ယာဉ်တန်းမတတ်တာလည်း နှစ်နှစ်ရှိလာပြီပေါ့နော်။ သူတို့ နှစ်တိုင်း ခါတိုင်း တက်တာ တက်လို့မရတဲ့အခါကျ တော့ သူတို့အခု ငြိမ်းချမ်းရေးစကားပြောတာနဲ့ ကိုက်ပြီး အဲလိုမျိုး လုပ်သ လားပေါ့။ အခွင့်အရေးယူပြီးပေါ့နော်။ ဒါပေမယ့် သူတို့ လုံခြုံရေးကလည်း အရေးကြီးတယ် ဆိုတော့ လမ်းမှာ လုံခြုံရေးလိုက်တဲ့ဟာတွေ ပြီးတော့ အရင်တုန်းက ပူတာအိုဘက်မှာတိုက်ပွဲဖြစ်တုန်းကလည်း ရောက်လာတဲ့ အဖွဲ့တွေ ရှိတာကိုး။ အဲဒါတွေနဲ့ ပေါင်းပြီးတော့ သူတို့လုံခြုံရေးယူတယ်လို့တော့ ကြားထားတယ်” ဟု ပြော သည်။

ယခင်နှစ်များက နှစ်စဉ်နှစ်တိုင်း ထောက်ပို့ယာဉ်အနည်းငယ်ခန့်သာ ရောက်လာသည် များရှိခဲ့သော်လည်း ယခုကဲ့ သို့ စစ်အင် အားတိုးချဲ့သည့် ယာဉ်တန်းများ မလာသည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်ပြီး စစ်အာဏာာ သိမ်းပြီးနောက် လူနှင့် ရိက္ခာ အင်အား စစ်ယာဉ်တန်း ရောက်လာခြင်းက ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ပူတာ အို ဒေသခံများက ပြောသည်။

နှစ်နှစ်တာ ကြာမြင့်ပြီးနောက် စစ်အင်အားအများအပြား ပြန်လည်ရောက်ရှိသည့်အတွက် ဒေသအတွင်း တိုက်ပွဲ တွေပြင်းထန်လာမှာကို ပြည်သူများက စိုးရိမ်နေကြခြင်း ဖြစ်သည်။

ထိုသို့တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ကုန်သွယ်လမ်းကြောင်းပိတ်ကာ သွားရေးလာရေးခက်ခဲပြီး စားဝတ်နေ ရေး အခက်ကြုံလာမှာကိုလည်း စိုးရိမ်နေကြသည်ဟု ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“လမ်းခုလတ် ဒီလမ်းတကြောက စစ်အင်အားတိုးချဲ့တာ၊ တိုက်ပွဲတွေ ဖြစ်လာတဲ့အတွက်ကြောင့်မို့ ဒီလမ်းတွေ ကုန် သယ်ယူပို့ဆောင်ရေးတွေ အကုန်ရပ်သွားတာဆိုတော့ အခု စစ်အင်အားတိုးချဲ့လာပြီး အကယ်လို့ တိုက်ပွဲ တွေ ဖြစ်လာမယ်။ မနေ့တနေ့ကလည်းတိုက်ပွဲတွေ အနည်းအကျဉ်းတော့ ဖြစ်သွားတယ်။ ဆိုတော့ အခုလည်း ဘဲ အရင်ကလို ခက်ခဲမယ်လို့ မျှော်လင့်တယ်။ ပြည်သူလူထုတွေက စားတာသောက်တာက အစ၊ ဆီဈေးတွေ တက်လာမယ် လမ်းတွေ ပိတ်သွားမယ် ဆိုတော့ လုပ်ငန်းလည်ပတ်မှုက နောက်ကျနိုင်တယ်။ ရပ်တန့်သွားနိုင် တာပေါ့။ အဲလိုမျိုးတော့ စိုးရိမ်မှုတော့ ရှိပါတယ်။”

ယခု ပူတာအိုမြို့သို့ ရောက်ရှိလာသည့် စစ်ကောင်စီယာဉ်တန်းသည် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းတလျောက်တွင် ၃ ကြိမ်ထက်မနည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းအဖွဲ့ ၏ တိုက်ခိုက်မှုကို ခံခဲ့သည်။

အလားတူ မေလ ၂၃ ရက်နေ့တုန်းကလည်း ပူတာအိုနှင့် မိုင် ၄၀ ခန့်အကွာတွင် တစ်ကြိမ် ခြုံခိုတိုက်ခိုက်ခံခဲ့၍ စစ်ကား ၂ စီး ချောက်ထဲကျပြီး သေဆုံးမှုများလည်း ရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ခရီးသွားပြည်သူများက ပြောသည်။

ယခု ပူတာအိုမြို့သို့ ရောက်လာသည့် စစ်ကောင်စီတပ်၏ စစ်ယာဉ်တန်းသည် မေလ ၁၁ ရက်နေ့တွင် မြစ်ကြီးနား မြို့မှ စတင်ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်သည်။
ပူတာအိုမြို့တွင် စစ်ကောင်စီက စစ်အင်အား အလုံးအရင်းတိုးနေသည့် အနေအထားများကြောင့် ဒေသခံပြည်သူ အချို့က တိုက်ပွဲဖြစ်ပွားပြီး စားနပ်ရိက္ခာပြတ်လပ်မှာကို စိုးရိမ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ စတင်လုပ် ဆောင်နေသူများလည်း ရှိနေသည်ဟု ပူတာအိုဒေသခံများက ဆိုသည်။

ပူတာအိုက ဒေသခံလူငယ်တစ်ဦးက “မိမိဝမ်းစာအတွက် စားနိုင်သလောက်တော့၊ သုံးနိုင်သလောက်တော့ ကျ နော်တို့ ဝယ်ယူစုထားတာတော့ ရှိပါတယ်။ တချို့လူတွေပေါ့။ ဒါပေမယ့် စုထားတယ်ဆိုတာက အနည်းအကျဉ်း ပါ။ ဘာကြောင့်လဲဆိုတော့ တစ်နေ့လုပ်၊ တစ်နေ့စားနဲ့ လည်ပတ်နေတဲ့မိသားစုတွေလည်း အများကြီးရှိပါ တယ်။ ဝင်ငွေနည်းနည်း အနည်းအကျဉ်းကောင်းတဲ့ မိသားစုတွေက စုထားကြပါတယ်။ တစ်လအတွက်ပေါ့။ အရမ်းကြီး စုထားတယ် ဆိုရင်လည်း လပေါင်းများစွာအတွက်တော့ မဟုတ်ဘူး။ တစ်လလောက် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဉပမာ ရက် ပေါင်း ၁၅ ရက် အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲလိုမျိုး အဲလောက်ပဲ စုထားနိုင် တဲ့ အနေအထားတော့ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ် (ယခုနှစ်)၊ ဖေဖော်ဝါရီလ နှင့်မတ်လအကြား ပူတာအိုမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ် လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (Putao) ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းကြောင့် ပူတာအို-မြစ်ကြီးနားကားလမ်း ရပ်တန့်ကာ ကုန်ပစ္စည်း ဈေးနှုန်းမြင့်တက်မှု၊ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

ပူတာအိုမြို့နယ်သည် ကုန်းလမ်းတစ်ခုတည်းနှင့်သာ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရသည့် မြို့ဖြစ်သည့် အတွက် ဒေသအတွင်း တိုက်ပွဲများဖြစ်ပွားလာပါက လမ်းများပိတ်ပြီး ကုန်စျေးနှုန်းများ တက်လာမည်ကို မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို လမ်းတလျှောက်က ပြည်သူများနှင့် ပူတာအိုမြို့ခံများက စိုးရိမ်နေကြသည်။

စစ်အင်အားတိုးချဲ့လာမှုကြောင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင်း တိုက်ပွဲများ ပြင်းထန်လာပြီး စားဝတ်နေ ရေး ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြကြောင်း ပူတာအို ဒေသခံများက ပြောသည်။

ယခုရက်တွင်း ပူတာအိုမြို့တွင် စစ်ကောင်စီ စစ်ကား အစီး ၄၀ ကျော်၊ လူအင်အား ၂၀၀ ကျော်ခန့် လုံခြုံရေး အပြည့်အစုံဖြင့် ရောက်ရှိနေသောကြောင့် ပြည်သူများ စိုးရိမ်နေကြခြင်းဖြစ်သည်။

ယခင်က နှစ်စဉ်နှစ်တိုင်း ထောက်ပို့ယာဉ်တန်း ရောက်လေ့ရှိသော်လည်း စစ်ယာဉ်တန်းမရောက်ရှိတာ နှစ်နှစ် ကျော်ခန့် ကြာပြီဖြစ်ကြောင်း သိရသည်။

ပူတာအိုမြို့ရှိ ဒေသခံတစ်ဦးက “ယာဉ်တန်းမတတ်တာလည်း နှစ်နှစ်ရှိလာပြီပေါ့နော်။ သူတို့ နှစ်တိုင်း ခါတိုင်း တက်တာ တက်လို့မရတဲ့အခါကျ တော့ သူတို့အခု ငြိမ်းချမ်းရေးစကားပြောတာနဲ့ ကိုက်ပြီး အဲလိုမျိုး လုပ် သလား ပေါ့။ အခွင့်အရေးယူပြီးပေါ့နော်။ ဒါပေမယ့် သူတို့ လုံခြုံရေးကလည်း အရေးကြီးတယ် ဆိုတော့ လမ်းမှာ လုံခြုံရေးလိုက်တဲ့ဟာတွေ ပြီးတော့ အရင်တုန်းက ပူတာအိုဘက်မှာတိုက်ပွဲဖြစ်တုန်းကလည်း ရောက်လာတဲ့ အဖွဲ့တွေ ရှိတာကိုး။ အဲဒါတွေ နဲ့ ပေါင်း ပြီးတော့ သူတို့လုံခြုံရေးယူတယ်လို့တော့ ကြားထား တယ်။”

နှစ်နှစ်တာ ကြာမြင့်ပြီးနောက် စစ်အင်အားအများအပြားဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်သောကြောင့် တိုက်ပွဲများပြင်းထန်လာမည်ကို ပြည်သူများ စိုးရိမ်နေကြခြင်းဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားလာပြီး သွားလာရေးခက်ခဲကာ စားဝတ်နေရေးအခက်ကြုံလာမှာကိုလည်း စိုးရိမ်မိကြောင်း ကို ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“လမ်းခုလတ် ဒီလမ်းတကြောက စစ်အင်အားတိုးချဲ့တာ၊ တိုက်ပွဲတွေ ဖြစ်လာတဲ့အတွက်ကြောင့်မို့ ဒီလမ်းတွေ ကုန် သယ်ယူပို့ဆောင်ရေးတွေ အကုန်ရပ်သွားတာဆိုတော့ အခု စစ်အင်အားတိုးချဲ့လာပြီး အကယ်လို့ တိုက်ပွဲ တွေ ဖြစ်လာမယ်။ မနေ့တနေ့ကလည်းတိုက်ပွဲတွေ အနည်းအကျဉ်းတော့ ဖြစ်သွားတယ်။ ဆိုတော့ အခုလည်း ဘဲ အရင်ကလို ခက်ခဲမယ်လို့ မျှော်လင့်တယ်။ ပြည်သူလူထုတွေက စားတာသောက်တာက အစ၊ ဆီဈေးတွေ တက်လာမယ် လမ်းတွေ ပိတ်သွားမယ် ဆိုတော့ လုပ်ငန်းလည်ပတ်မှုက နောက်ကျနိုင်တယ်။ ရပ်တန့်သွားနိုင် တာပေါ့။ အဲလိုမျိုးတော့ စိုးရိမ်မှုတော့ ရှိပါတယ်။”

ထို့ပြင် ဒေသခံပြည်သူအချို့ကလည်း တိုက်ပွဲဖြစ်ပွားကာ စားနပ်ရိက္ခာပြတ်လပ်မည်ကို စိုးရိမ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်ထားကြကြောင်းကို ဒေသခံအမျိုးသားက ဆက်ပြောသည်။

“မိမိဝမ်းစာအတွက် စားနိုင်သလောက်တော့၊ သုံးနိုင်သလောက်တော့ ကျနော်တို့ ဝယ်ယူစုထားတာတော့ ရှိပါ တယ်။ တချို့လူတွေပေါ့။ ဒါပေမယ့် စုထားတယ်ဆိုတာက အနည်းအကျဉ်းပါ။ ဘာကြောင့်လဲဆိုတော့ တစ်နေ့လုပ်၊ တစ်နေ့စားနဲ့ လည်ပတ်နေတဲ့မိသားစုတွေလည်း အများကြီးရှိပါတယ်။ ဝင်ငွေနည်းနည်း အနည်း အကျဉ်း ကောင်းတဲ့ မိသားစုတွေက စုထားကြပါတယ်။ တစ်လအတွက်ပေါ့။ အရမ်းကြီး စုထားတယ် ဆိုရင် လည်း လပေါင်းများစွာအတွက်တော့ မဟုတ်ဘူး။ တစ်လလောက် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဉပမာ ရက်ပေါင်း ၁၅ ရက် အတွက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲလိုမျိုး အဲလောက်ပဲ စုထားနိုင်တဲ့အနေအထားတော့ ဖြစ်ပါ တယ်။”

ဖေဖော်ဝါရီလ နှင့် မတ်လအကြား ပူတာအိုမြို့နယ်တွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (Putao) ပူးပေါင်းတပ်ဖွဲ့ တို့ အကြား တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်ပွားခဲ့ ခြင်းကြောင့် ပူတာအို-မြစ်ကြီးနားကားလမ်း ရပ်တန့်ကာ ကုန်ပစ္စည်း ဈေးနှုန်းမြင့်တက်မှု၊ စက်သုံးဆီ ပြတ်လပ် မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်သည် ကုန်းလမ်းတစ်ခုတည်းဖြင့်သာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး၊ ခရီသွားလာရေးကို အဓိက အားထားရသောမြို့ဖြစ်သည်။

လမ်းခရီးခက်ခဲမှုတွေကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မကြာခဏမြင့်တက်လေ့ရှိသောကြောင့် ပူတာအိုဒေသခံ အချို့ စိုးရိမ်မှုတွေ ရှိနေခြင်း ဖြစ်သည်။