ဒုတိယ အဝေးထိန်းဗုံးကြောင့် ရဲ ၂ ဦးသေ၊ စရဖ တစ်ဦး ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂ ရက်။
မကွေးတိုင်း သရက်ခရိုင်အတွင်း အဝေးထိန်း ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး စစ်ဖက်ရေးရာ လုံခြုံရေး (စရဖ) တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရခဲ့သည်။
သရက်ခရိုင်အတွင်းက ကံမမြို့တွင် အသံဗုံးတစ်လုံးပေါက်ကွဲသည့် နေရာတွင် စစ်ဆေးရန် စစ်သားနှင့် ရဲတပ်ဖွဲ့ ဝင်များ ရောက်လာချိန် အဝေးထိန်းဗုံးဖြင့် ထပ်မံတိုက်ခိုက်ခံရပြီး ရဲ နှစ်ဦးသေဆုံးပြီး စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
”အရိပ်စစ် နာကူက အအေးခေါင်း လာငှားသွားတယ်။ ဒီနေ့ (မေလ ၃၁ ရက်နေ့) သင်္ဂြိုလ်မှာ။ ဗုံးမှန်သေတာ ဟုတ်တယ်” ဟု ရဲစခန်းနှင့် နီးစပ်သူ ရေနံ့သာကျေးရွာသား တစ်ဦးက အတည်ပြုပြောသည်။
ကံမမြို့မှ သရက်မြို့ဘက်သို့ အထွက် ရေနံ့သာ တံတားထိပ် ဆုံကုန်းရပ်တွင် မေ ၃၀ ရက်နေ့၊ ည ၁၁ နာရီ အချိန်ခန့်က ဖောက်ခွဲတိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။
ဗုံးကွဲသံကြောင့် ဟိုက်ဂျက်ကားဖြင့် လက်နက်ကိုင် စစ်သား နှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၂နှစ်၊ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) အဖွဲ့ဝင်တို့ လာရောက်စစ်ဆေးချိန်တွင် အဝေးထိန်း ဗုံးတစ်လုံး ထပ်မံပေါက်ကွဲခြင်း ဖြစ်သည်ဟု ဟု ရဲစခန်းနှင့် နီးစပ်သူများထံမှ သည်။
ထို့အပြင် မေလ ၃၁ ရက်နေ့၊ နံနက် ၁ နာရီခွဲ အချိန်ခန့်တွင်လည်း ဆုံကုန်းနှင့် ၆ မိုင်ခန့် အကွာက ဓမ္မသော်ကျေး ရွာရှိ Mytel ဖုန်းတာဝါတိုင် စက်ခလုတ်ပုံးလည်း ဖောက်ခွဲဖျက်ဆီး ခံခဲ့ရသည်ဟု သိရသည်။
အဆိုပါ Mytel ဖုန်းတာဝါတိုင် ဖောက်ခွဲမှုကို သရက် – ကံမ ပူးပေါင်းအဖွဲ့၊ လင်းယုန်စစ်ဆင်ရေးအဖွဲ့က လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားပြီး “စစ်တပ်ထုတ်ကုန် မသုံးဘူး။ စစ်တပ်ထောက်တိုင်တွေ ရိုက်ချိုး ကြ။ သွေးစွန်း ငွေဖြတ်တောက်ကြ” ဟု ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖေါ်ပြထားသည်။