ဟင်္သာတ PDF အဖွဲ့က စာသင်ကျောင်း ဗုံးပေါကက်ကွဲမှု ၎င်းတို့ လက်ချက်မဟုတ်ကြောင်း ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၅ ရက်။

ဧရာဝတီတိုင်းအတွင်း အထက်တန်းကျောင်း ဗုံးဖောက်ခွဲမှုသည် ၎င်းတို့ PDF အဖွဲ့ လက်ချက်မဟုတ်ကြောင်း ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။

ဇွန်လ ၁ ရက်နေ့၊ ည ၉ နာရီ အချိန်ခန့်က ဟင်္သာတမြို့နယ်၊ ယုံသလင်းကျေးရွာ အထက်တန်းကျောင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆိုပါ ပေါက်ကွဲမှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခြင်းမဟုတ် ဟု ကြေငြာချက်အမှတ် ၄/၂၀၂၂ ကို ဇွန်လ ၂ ရက် နေ့က ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြည်သူအား အသိပေးထုတ်ပြန်ထားသည်။

အသက် (၇၀) ဒေသခံတစ်ဦးက “ဗုံးက လယ်ကွင်းထဲ ဆင်သွားတာပါ ငါ့လူရာ” ဟု ပြောသည်။

ဗုံးပေါက်ကွဲချိန်တွင် ကျောင်းတံခါးများ သော့ခတ်ထားကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လက်နက်ကိုင် စစ်သား များနှင့် ကျောင်းစောင့်လည်း ရှိနေသည်ဟု ယုံသလင်းရွာသားအချို့က ပြောသည်။

ညဘက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူသူ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ သို့သော် ကျောင်း လှေကား အနည်းငယ် ပျက်စီးမှု ရှိခဲ့သည်ဟု ရွာသားများက ဆိုသည်။

ပြည်သူများ ထိခိုက်မည့် လုပ်ရပ်များအား ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ် တော်လှန် ရေးအင်အားစုများက လုံးဝလုပ်ဆောင်မည် မဟုတ်ကြောင်းနှင့် NUG အစိုးရက ချမှတ်ထားသည့် မူဝါဒ လမ်းစဥ် များအတိုင်း လိုက်နာဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း ဟင်္သာတမြို့နယ် PDF အဖွဲ့က ဆိုသည်။

ထို့အပြင် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများအား သွေးခွဲသည့် လုပ်ရပ်များကို စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ အဖွဲ့အစည်းများက ထပ်မံပြုလုပ်နိုင်သဖြင့် ပြည်သူများ အထူးဂရုပြု နေထိုင်ကြရန် ဟင်္သာတမြို့နယ် PDF အဖွဲ့က သတိပေးထားသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ယခင်က ဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းအတွင်းက ပေါက်ကွဲမှုများတွင် အခင်းဖြစ် ပွားပြီးနောက် အနီးအနားဝန်းကျင်ရှိ နေရာများ၊ ကျေးရွာများ၊ ရပ်ကွက်များတွင် ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သော်လည်း ယုံသလင်းကျေးရွာရှိ ကျောင်းပေါက်ကွဲမှုတွင် တစ်စုံတစ်ရာ ပိတ်ဆို့ရှာဖွေ စစ်ဆေး မှုများ လုပ်ဆောင်ခြင်း မရှိဘူးဟု ရွာသားများက ပြောသည်။