ဖမ်းဆီးခံရသည့် သျှမ်းနီ လူငယ်ခေါင်းဆောင် ပြန်လည် လွတ်မြောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ထဲတွင် လှုပ်ရှားနေသည့် ဗန်းမောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Local PDF) က ဖမ်းဆီးခေါ်ဆောင်သွားသည့် သျှမ်းနီလူငယ် စိုင်းကျန်အောင်(ခ) စိုင်းဆေလိုင်း နှိပ်စက် ဒဏ်ရာ များနှင့် ပြန်လည် လွတ်မြောက်လာသည်ဟု သိရသည်။
ဗန်းမောက် ရှမ်းနီးလူငယ်ကွန်ယက်၏ ဒု-ဥက္ကဋ္ဌ ဖြစ်သူ စိုင်းကျန်အောင် (ခေါ်) ဆေလိုင်းကို ဇွန်လ ၁၉ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ရှမ်းနီစာပေ ယဉ်ကျေးမှုအဖွဲ့ က တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အခုတော့ သူ ဆေးကုသမှု ခံယူတုန်းဗျ။ သက်သာတယ်လို့တော့ ပြောတယ်ဗျ။ သူ့ကို ကြိုးတုတ်ထားတယ်ဗျ။ ပြီးတော့ သူ့ကို ရိုက်နှက်တယ်ပေါ့။ ခေါင်းတွေရော၊ ခန္ဓာကိုယ်တွေရော သေနတ်တွေနဲ့ကန့်စောင့်ပေါ့၊ ပြီးတော့ ဓါးနဲ့ပါးတွေနဲ့ ရိုက်တယ်လို့ပြောတယ်ဗျ။ ၁၉ ရက်နေ့က ဖမ်းတာဗျ။ ပြီးတော့ ၂၃ ရက်နေ့မှ ပြန်လွှတ်ခဲ့တာ ဗျ။ မန်ကပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကနေ ဖမ်းသွားတာဗျ။ ဘာကြောင့်ဖမ်းတယ်ဆိုတာကို မပြောဘူး ဗျ။ ကျနော်တို့ကတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာကို ရှင်းပြမယ်လို့ အောက်မေ့တာ။ ကျနော်တို့က ဘာမှ ပြောခွင့် လည်းမရှိဘူး။ ဘာမှ မေးခွင့်လည်း မရှိဘူးဗျ။”
ရှမ်းနီလူငယ် ခေါင်းဆောင်တစ်ဦးက “ဖမ်းသွားတဲ့ ၁၉ နေ့ကစ ၂၂ ရက်နေ့အထိ ဘာမှမလုပ်ဘူး ကောင်း ကောင်း မွန်မွန် ထားတယ်ပြောတယ်။ ၂၃ ရက်နေ့မှာတော့ ညနေအထိ တစ်နေကုန် ရိုက်နှက်တယ်။ ရင်ဘတ် တွေ၊ ခေါင်း တွေ၊ ပေါင်တွေ၊ ကျောတွေမှာ ဓါးချွန် ဓါးပြးနဲ့ ရိုက်တာတွေ ရှိတယ်။ အသားအထဲအထိ ပေါက် အောင် မဟုတ်ပေမယ့် ဓါးခွန်နဲ့ ထိုးစိုက်တာတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံး သျှမ်းနီလူငယ် ဥက္ကဌအနေနဲ့ တရားမျှတမှု ရှိအောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
ဗန်းမောက် ရှမ်းနီးလူငယ်ကွန်ယက်၏ ဒု-ဥက္ကဋ္ဌ ကို ဇွန်လ ၁၉ ရက်နေ့ နေ့လည် ၂ နာရီခွဲ အချိန်ခန့်တွင် မံကပ် ကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားကျောင်းဆောင်ပေါ် တွင် ရှိနေချိန် ရှမ်းနီတပ်မတော် (SNA) နှင့် ပတ်သက် သည်ဟု စွပ်စွဲကာ ဗန်းမောက် PDF အဖွဲ့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ရှမ်းနီ တပ်မတော်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသည့်ကိစ္စကို ယခုချိန်ထိ သီးခြား အတည်ပြုချက်မရှိသေးပေ။
ထိုသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် နေရာ ၄ နေရာ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံး PDF အထူးတပ်ရင်း အနောက် ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ဗန်းမောက် PDF အဖွဲ့က နှိပ်စက် စစ်ဆေးခဲ့သည်ဟု သိရသည်။ ဗန်း မောက်ဒေသက ဒေသခံပြည်သူများအနေဖြင့် ယခုကဲ့သို့သော ဖမ်းဆီးမှုများရှိလာသည့်အတွက် စိုးရိမ် ထိတ် လန့်နေကြသည် ဟု ဗန်းမောက်ဒေသခံများက ပြောသည်။
“ဒေသက လူတွေက အကုန်လုံးကြောက်နေကြရတာဗျ သူတို့တွေကို။ ဘာလို့လဲဆိုတော့ လက်ရှိမှာ PDF ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါ့ သူတို့တွေကလည်း NUG ရဲ့ မူတွေဘောင်တွေ အတိုင်းမဟုတ်တဲ့အခါကြတော့ ဌာ နေတိုင်းရင်းသားရဲ့ အခွင့်အရေး လူတစ်ယောက်ရဲ့ အခွင့်အရေး အကုန်လုံးချိုးဖောက်ပြီးတော့ လုပ်နေကြတဲ့ အခါကြတော့ အကုန်လုံးကို ကျီးလန့်စာစားကြောက်နေကြရတာဗျ။ အခုနက ကျနော်ပြောသလိုပဲဗျ မူနဲ့ ဘောင်နဲ့ဆို ကျနော်တို့က မကြောက်ဘူးဗျ။ အခုက စည်းလွတ်ဘောင်လွတ် တိုင်းရင်းသားအခွင့်အရေး လူ့ အခွင့်အရေးလွတ်ပြီး လုပ်နေကြတာဆိုတော့ အားလုံးကတော့ ကျနော်တို့လည်း ကြောက်နေရတယ်ဗျ။”
နွေဦးတော်လှန်ရေးကာလအတွင်း စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းက မဖြစ်သင့်ဘူးဟု ရှမ်းနီအရပ်ဘက် အဖွဲ့အစည်းအချို့က ပြောသည်။
ရှမ်းနီ လူငယ်ကွန်ယက်အဖွဲ့က ခေါင်းဆောင်တစ်ဦးက “ဒီဖြစ်ရပ်အပေါ် အင်မတန်မှ စိတ်ထိခိုက်ရပါတယ်။ နွေ ဦးတော်လှန်ရေးဆိုတာ လက်နက်ရှိနဲ့ လက်နက်မဲ့ မတရား ဖိနိပ်မှုကြောင့် ဖြစ်ပေါ်လာရတဲ့ တော်လှန်ရေးပါ။ ဒါကြောင့် ဒီတော်လှန်ရေးက ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တွေ အနေနဲ့ လက်နက်မဲ့ ပြည်သူအပေါ် လက် နက်ပြပြီး အကြမ်းဖက် ဖမ်းဆီးတယ်ဆိုတာ ပိုပြီးမဖြစ်သင့်ပါဘူး။ နောက်ပြီး လုပ်ထုံးလုပ်နည်း အဆင့်ဆင့် အတိုင်း ဆောင်ရွက်ခဲ့ရဲ့လား ဆိုတာကိုလည်း သိချင်တယ်။ EAO တစ်ခုခုနဲ့ ပက်သတ်ဆိုပြီး ဒီလိုမျိုး လူတွေကို ဖမ်းလို့ရ ကြေးလား၊ ရှမ်းနီ လူမျိုးတစ်ယောက်က သူ့တပ်မတော်ကို ထောက်ခံတာ အပြစ်လား၊ အမျိုးသား ညီ ညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာနက ဘာအတွက် ဘယ်သူ့အတွက် ဖွဲ့စည်းပေးထားတာလဲ ဆိုတာ ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်သွားပြီပေါ့” ဟု ပြောသည်။
PDF အဖွဲ့က ဖမ်ဆီးသွားသည့် ဗန်းမောက် ရှမ်းနီလူငယ်ကွန်ယက် ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ ရှမ်းနီးစာပေနှင့် ယဉ် ကျေးမှုအဖွဲ့၏ တာဝန်ခံလည်းဖြစ်သူ စိုင်းကျန်အောင် (ခ) ဆေလိုင်းကို မံကပ်ကျေးရွာမှာပဲ ဗန်းမောက် မြို့နယ် ရှမ်းနီစာပေနှင့် ယဉ်ကျေးမှု ကော်မတီက အတွင်းရေးမှူး စိုင်းထွန်းမြင့်နှင့်အဖွဲ့က သွားကြိုခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
စိုင်းကျန်အောင် (ခ) စိုင်းဆေလိုင်းကို ဇွန်လ ၂၁ ရက်နေ့တွင် Mizzima သတင်းဌာနကို NUG အစိုးရက ပြန်လွှတ် ပေးလိုက်ပြီဟု ဖြေကြားခဲ့သော်လည်း ရှမ်းနီလူငယ်များ၏ တောင်းဆိုမှုကြောင့်သာ ဇွန်လ ၂၃ ရက်နေ့မှ ပြန် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။