ပေါင်မှ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်။

မွန်ပြည်နယ် ပေါင်မြို့ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ပေါင်မြို့၊ ကဒုံစီးရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွေးသိန်းသည် ဇွန်လ ၂၉ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်က ပစ်သတ်ခံရခြင်းဖြစ်သည်။

“ဦးထွေးသိန်းနဲ့ ဦးဇော်ဇော်တို့ နှစ်ယောက်က ဆိုင်ကယ်နဲ့ အုန်းတပင်ရွာဘက်ကနေ နတ်ကြီးချောင်းရွာဘက်ကို အသွား လမ်းမှာ သေနတ် ပစ်ခံရတယ်။ ပစ်သွားတဲ့လူတွေက ဆိုင်ကယ်နဲ့လာြပီး ပစ်သွားတာလို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးထွေးသိန်းနှင့်အတူ ဦးဇော်ဇော်ဆိုသူတို့က အုန်းတပင်ကျေးရွာနှင့် နတ်ကြီးချောင်ကျေးရွာအကြား လမ်းတွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးထွေးသိန်း သေဆုံးသွားပြီး ဦးဇော်ဇော်မှာ ဒဏ်ရာရရှိကာ ဆေးရုံတွင် ဆေး ကုသမှုခံယူနေရသည် ဟုလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ပစ်သတ်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ရှာဖွေ စစ်ဆေးမှုများ ပိုမို တင်း ကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ်တွင် ပစ်သတ်ခံရသည့်ဖြစ်စဥ်များ ဖြစ်ပွားလာနေသည့်အပြင် ဖုန်းတာဝါ တိုင် ဖောက်ခွဲခံရမှုများ အပါအဝင် ပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာနေသည်ဟု ဒေသခံများက ဆို သည်။

မြို့နယ်အတွင်းရှိ ရဲစခန်း၊ လျှပ်စစ်ရုံးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီက လွှတ်တော်ကိုယ်စား လှယ်များ၏ နေအိမ်များ၊ စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ၏ နေအိမ်များတွင်လည်း ဗုံးပေါက်ကွဲမှု များ မကြာခဏဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဥ်များနှင့် ပတ်သက်၍လည်း ပေါင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။