ညောင်လေးပင် စစ်ရှောင်များအတွက် အကူအညီများ လိုအပ်

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အတွင်းက စစ်ဘေးရှောင်များအတွက် နေထိုင်စားသောက်ရေးအပြင် အဖက်ဖက်မှ အကူအညီများ လိုအပ်နေသည်ဟု ညောင်လေးပင်ခရိုင် ဒေသခံများနှင့် ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောသည်။