PDF အလံ နှင့် အထုပ်မှ ပေါက်ကွဲ။ ရဲတပ်ကြပ်ကြီး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် PDF အလံနှင့် ထုပ်ထားသည့် အထုပ်တစ်ထုပ်အား ကန်လိုက်သည့် ရဲတပ်ကြပ်ကြီး တစ်ဦး မိုင်းပေါက်ကွဲ၍ ပွဲချင်းပြီး သေဆုံးသွားသည်ဟု မြို့ခံများက ပြောသည်။
မိုးကောင်းမြို့၊ ဈေးကုန်းရပ်ကွက်၊ စည်ပင်သာယာဈေးရှေ့တွင် PDF အလံပါ အထုပ်အား ကန် လိုက်သည့် ရဲတပ်ကြပ်ကြီး မျိုးမင်းထွန်းသည် မိုင်းပေါက်ကွဲ၍ အခင်းဖြစ်ပွားသည့် နေရာတွင် ပွဲချင်းပြီး သေဆုံး သွားခြင်း ဖြစ်သည်။
“တစ်ညလုံး ဂျူတီဝင်နေတာ ဂျူတီချိန်းတော့ ကောက်ညှင်းပေါင်းသွားဝယ်တာ အဲ့ဒီ မီးပွိုင့်နားကိုဖြတ်တော့ အဲ့ ဒီမှာတွေ့တဲ့ အလံနဲ့ အထုပ်တစ်ထုပ်ကို သွားကန်လိုက်တာတဲ့။ အဲ့ဒီမှာ ဗုံးတစ်ခါတည်း ပေါက်ပြီးတော့ ပွဲချင်း ပြီးသေ သွားတာ” ဟု ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်ခန့်က ဂျူတီချိန်းပြီး ကောက်ညှင်းပေါင်းသွားဝယ်သည့် ရဲတပ်ကြပ် ကြီးမှာ PDF အလံနှင့် အိပ်အနက်ကို ကန်လိုက်စဉ် မိုင်းကွဲကာ ခြေလက်များ ပြတ်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
သေဆုံးသူမှာ အသက် ၃၃ နှစ် အရွယ် ရဲတပ်ကြပ်ကြီး မျိုးမင်းထွန်း (ခ) တွတ်ပီ ဆိုသူဖြစ်ပြီး မိုးကောင်း ရဲစခန်း တွင် တာဝန်ကျသည့် ရဲတစ်ဦးဖြစ်သည်။
မိုးကောင်းမြို့ခံများကတော့ အလံမှာ PDFအလံဖြစ်ပြီး စစ်ေ-ွး၊ ရဲေ-ွး ဟု ရေးသားထားသည်ဟု ပြောဆိုနေကြ သည်။