ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦး သဘော့ဆိပ်ဈေးတွင် ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ဈေးတွင် ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါဝင်တီ ဦးမောင်ဝင်း အသက် ၄၅ နှစ်သည် ဇူလိုင်လ ၁၃ ရက် နေ့၊ နံနက် ၅ နာရီအချိန်ခန့်က သဘော့ဆိပ်ဈေးအနီး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။

“ဒိုင်း ဒိုင်းဆိုပြီး သေနတ်သံ နှစ်ချက်ဆင့်ပြီး ပစ်တာကြားလိုက်ရတယ်။ သူကလဲကျပြီး ထပြေးသေးတာ။ သေ နတ်သမားတွေက အနောက်က လိုက်ပြီး ထပ်ပစ်လိုက်မှ လဲကျသွားတာ။ ခေါင်းမှာနဲ့ နောက်ကျောမှာ နှစ်ချက် ထိတယ်လို့ ပြောသံကြားတယ်။ သွားတော့ မကြည့်ရဲဘူး” ဟု အသက် ၃၅ နှစ်ရွယ် စျေးသည် တစ်ဦးက ပြော သည်။

ဦးမောင်ဝင်းသည် ကရင်ကြီးကျေးရွာမှဖြစ်ပြီး ဇနီးအပါအဝင် သမီး၂ ဦး နှင့် အတူ ဥယျဉ်ခြံထွက် ပစ္စည်းများ ရောင်းချရန် ဆိုင်နေရာပြင်ဆင်ပေးပြီး အိမ်အပြန် ဈေးရှေ့ရှိ လက်ဖက်ရည်ဆိုင်အနီးတွင် လူငယ်နှစ်ဦးက သေ နတ်ဖြင့် လာရောက်ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု သိရသည်။

ဦးမောင်ဝင်းသည် စစ်ကောင်စီခန့် ကျောက်ဆင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အနေ နီးစပ်သူတစ်ဦး ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် ရိက္ခာရှာဖွေပေးခြင်းများ ပြုလုပ်ပေးနေသူဖြစ်သည်ဟု ရွာသားများက ပြော သည်။

သေဆုံးသူ ဦးမောင်ဝင်း၏ အလောင်းကို အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပစ်သတ်ခံလိုက်ရသည့် နံနက်ပိုင်းမှာပင် ထားဝယ် ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည် ဟု သိရသည်။

အပစ်ခံရသူအား မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းရင်းကြောင့် ပစ်ခတ်ခဲ့သည်ဆိုသည်ကိုမူ တာဝန် ယူ ထုတ်ဖော် ပြောဆိုထားခြင်းမရှိသေးပေ။