PDF တွေက အမျိုးသမီးတစ်ဦးကို လည်လှီးသတ်တယ် ဆိုတဲ့ သတင်းမှား ဖြန့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။

မကွေးတိုင်း ဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာမှာ PDF တွေက အမျိုးသမီးတစ်ဦးကို လည်လှီး သတ်ဖြတ် တယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Tun Naung (ထွန်းနောင်) ဆိုသူ Facebook အကောင့်ပိုင်ရှင်က တပ်မတော်ချစ်သူများဆုံ ဆည်းရာ Group မှာ ဇူလိုင်လ ၁၁ ရက်နေ့က ရေးတင်ထားပါတယ်။

Tun Naung ဆိုသူ က “ဆိပ်ဖြူမြို့နယ်မှာ PDF တွေက အိမ်တွေထဲဝင် ပစ္စည်းတွေယူပြီး အမျိုးသမီးတစ်ဦးကို လည်လှီးသတ်ဖြတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲဒီအထဲမှာဆိုရင် “မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်၊ ပိုင်းကျေးရွာမှာ PDF အကြမ်းဖက်တွေက အသက် ၃၈ နှစ်အရွယ်ရှိ မနှင်းဝေဆိုတဲ့ အမျိုးသမီးကို လည်လှီးသတ်ဖြတ်သွား ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။အဆိုပါဖြစ်စဉ်ဟာ ဇူလိုင် ၉ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး PDF အကြမ်းဖက် အင်အား ၆၀ ဦးခန့် ရွာထဲဝင်လာတာကြောင့် ရွာသူရွာသားတွေမှာ ကြောက်လန့်တကြားထွက်ပြေး သွားကြစဉ် PDF တွေက အိမ်တွေပေါ်တက်ကာ အဖိုးတန်ပစ္စည်းတွေကို ယူ ဆောင်သွားကြတဲ့ အပြင် ဖြစ်စဉ် အခြေအနေကိူမသိဘဲ လယ်တောထဲကပြန်လာတဲ့ မနှင်းဝေတို့လင်မယား နှစ် ယောက်နဲ့တွေ့ပြီး အသတ်ခံ လိုက်ရတာလို့ ဆိုပါတယ်/ဖြစ်စဉ်အတွင်း မနှင်းဝေရဲ့အမျိုးသားကတော့ ထွက် ပြေးလွတ်မြောက်သွားခဲ့ပြီး အသက် ၁၆ နှစ်အရွယ်သမီးတစ်ယောက်၊ အသက် ၁၂ နှစ်အရွယ်နဲ့ အသက် ၉ နှစ် အရွယ်သား ၂ ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသား ထားတာ ကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇူလိုင်လ ၉ ရက်နေ့က ပိုင်းကျေးရွာသူ မနှင်းဝေကို သတ်သွားသူတွေဟာ PDF တွေ မဟုတ်ပဲ ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက် လာ တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက သတ်သွားတာလို့ ဒေသခံတွေက ပြောဆိုထားလို့ပဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အန္တရာယ်ကို ကြောက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မနှင်းဝေဟာ ရွာမှာ ကျန်ခဲ့တဲ့ ဝက်က လေးကို အစာကျွေးဖို့ ပြန်လာရာမှ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံရတာဖြစ် တယ်လို့ ဒေသခံ တွေက သတင်းဌာနတွေကို ပြောဆိုထားပါတယ်။

“ရွာကိုစစ်ကြောင်းဝင်လို့ ရှောင်နေရင်းက ဝက်စာကျွေးပြန်လာတာ အသတ်ခံရတာ၊ ပြန်လာတာက လင်မ ယား နှစ်ယောက်လုံး ယောက်ကျားက ပြေးလို့လွတ်သွားတယ်၊ မိန်းမကတော့ လည်ပင်းကိုဓားနဲ့လှီးပြီး အသတ် ခံထား ရတယ်” လို့ ဒေသခံတစ်ဦးက DVB သတင်းဌာနကို ပြောဆိုထားပါတယ်။

DVB သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3Ptiar1 တွေ့နိုင်ပါတယ်။

ဒါ့အပြင် Khit Thit Media သတင်းဌာနက ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာဆိုရင် ဒေ သခံတွေက အခုလို ပြောထားတာကို တွေ့ရပါတယ်။

ပိုင်းကျေးရွာသားတစ်ယောက်က “စစ်တပ်က ပိုင်းကျေးရွာထဲမှာ အိမ်တွေမွှေနှောက်ဖျက်ဆီးတယ်။ ဝက်၊ ကြက်တွေ ချက်စားတယ်။ ဈေးဆိုင်အိမ်က အရက်ဖာတွေကနေ အရက်တွေသောက်မူးရူးနေကြတာ။ အဲဒီမှာ ရွာက ထွက်ပြေးရင်း ဝက်ကလေးကျန်ခဲ့လို့ အစာပြန်လာကျွေးတဲ့ ရွာသူမနှင်းဝေကို စစ်တပ်က မုဒိမ်းကျင့် သတ်ပစ်လိုက် ကြတယ်။ အလောင်းပြန်ရတော့ အဲဒီအစ်မ လက်လည်းကျိုးနေတယ်။ အရိုက်အနှက်ခံ ထား ရတယ်။ ဇူလိုင်လ ၁၀ ရက်နေ့ ညနေမှာ စစ်ကားတစီးအကူရောက် လာပြီး သူတို့ကိုပြန်လာကြိုသွားတယ်။ ရွာ သားတချို့ ရွာထဲ ပြန်ဝင်ပြီး အသတ်ခံရတဲ့ အစ်မ အလောင်းကို ဇူလိုင် ၁၁ ရက်နေ့မှ ကောက်ရတယ်။ မနှင်းဝေ က အသက် ၃၅ နှစ်ဝန်းကျင် ကလေး (၂)ယောက်အမေ။ မနှင်းဝေ အမျိုးသားက ကိုနိုင်ဝင်း။ မနှင်းဝေ အလောင်းမှာ မုဒိမ်းကျင့်ပြီး ဆေးလိပ်မီး တွေနဲ့ ထိုးထားတာတွေတွေ့တယ်။ အားရအောင်နှိပ်စက်ပြီးမှ သတ် တာ” ဆိုပြီး ခေတ်သစ်မီဒီယာမှာ ပြောဆိုထားပါတယ်။

Khit Thit Media သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3aB6dkx ဝင်ကြည့်လို့ရပါ တယ်။

Tun Naung ဆိုသူရဲ့ ရေးသားမှုကို ကြည့်မယ်ဆိုရင်လည်း Tun Naung က သတင်းဌာနတွေက ရေးသားထား တဲ့ သတင်းကို ယူပြီး အချက်အလက် အမှားတွေ ထည့်ကာ သတင်းကို လိုသလို ပြန်လည် ပြင်ဆင်ဖန်တီး ရေး သား ထားတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက်အားလုံးကို တိုက်စစ်ကြည့်လိုက်တဲ့ အခါမှာတော့ Tun Naung ဆိုသူက PDF တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ ကြောက်လန့်အောင်၊ မကူညီ၊ မထောက်ပံ့အောင် စတဲ့ ရည်ရွယ်ချက် တွေနဲ့ လိမ်ညာ ဝါဒဖြန့်ဖို့အတွက် ရေးသားထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။