RCSS နဲ့ SSPP တို့  တိုက်ပွဲကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်နဲ့ဝမ့်စိမ်းကြားမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)တို့  ကျေဝိုင်ရွာနားမှာ ဇူလိုင်လ ၁၃ ရက်နေ့ ညနေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံရွာသားတွေ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။