Kaw Thoo Lei Army ကို ဘာကြောင့် ဖွဲ့စည်းရတာလဲ။ ( ရုပ်သံ – ကရင်ဘာသာ – ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို ဆက်သွယ်မေးမြန်းထားသည် )
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။
ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်သည့် Kaw Thoo Lei Army ကို ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ ဖွဲ့စည်းလိုက်သည်။
ထိုအဖွဲ့အစည်းသည် လက်ရှိအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး KNU ၏ လက်အောက်ခံ အဖွဲ့အစည်းအဖြစ် ရပ်တည်မည်မဟုတ်သလို KNLA နဲ့ KNDO တို့ အောက်ကနေ သွားမည့် အဖွဲ့အစည်း မဟုတ်ပဲ အာဏာရှင်ကို တွန်းလှန်ရန်အတွက် သီးသန့် ရပ်တည်မည့် အဖွဲ့အစည်းဖြစ်သည်ဟု သိရသည်။
သို့ရာတွင် KNLA ၊KNDO အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်သည့် အဖွဲ့အစည်းများနှင့် အတူ အာဏာရှင်စနစ် အမြစ်ပြတ်သည့်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
လက်ရှိ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေ ဦးဆောင်သည့် KNDO သည် စစ်ကောင်စီနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံး၏ လှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ အခက်အခဲ များစွာရှိသည့် အနေအထား ဖြစ်သည့်အတွက် လွတ်လပ်စွာ လှုပ်ရှားနိုင်ရန် Kaw Thoo Lei Army ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု ဆိုသည်။
ဘာကြောင့် Kaw Thoo Lei Army ကိုဖွဲ့စည်းရတာလဲ၊ Kaw Thoo Lei Army ဖွဲ့စည်းရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကဘာလဲ၊ အခုလို Kaw Thoo Lei Army ကို ဖွဲ့စည်းလိုက်တဲ့တာဟာ KNU ကနေ ခွဲထွက်တဲ့သဘောလား၊ ဒီလို လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာတဲ့အတွက် ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ အကြားမှာ အခက်အခဲတွေ ရှိလာနိုင်သလား စတဲ့ အကြောင်းအရာတွေကို Kaw Thoo Lei Army ကို ဦးဆောင်မယ့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) က ဆက်သွယ်မေးမြန်းထားပါတယ်။