Kaw Thoo Lei Army ကို KNLA/KNDO လက်မခံရတဲ့ အဓိက အကြောင်းအရင်းကဘာလဲ။ ( KNLA – တွဲဖက်စစ်ရေးချုပ်ကို ဆက်သွယ်မေးမြန်းထားပါသည်။)
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။
ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးဆောင်ဖွဲ့စည်းသည့် Kaw Thoo Lei Army ကို KNU နှင့် ၎င်း၏ လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် KNLA နှင့် KNDO တို့က အသိအမှတ်ပြု လက်ခံမည် မဟုတ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့ (ယနေ့) တွင် ထုတ်ပြန်ကြေညာထားသည်။
KNLA/KNDO က Kaw Thoo Lei Army ကို ဘာကြောင့် လက်မခံရတာလဲ၊ KNLA/KNDO တပ်မှူးတွေရဲ့ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်က ဘာလဲ စတာတွေကို KNLA တွဲဖက်စစ်ရေးချုပ် ဒု-ဗိုလ်မှူးကြီး ဖန်လုံ့ဟိန်း ကို သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) က ဆက်သွယ်မေးမြန်းထားသည်။