လဟယ်ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီ ၉ ဦးကျ။
ကရင်နီနဲ့ ရှမ်းပြည်နယ်စပ် ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီး လွယ်မကူးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖယ်ခုံ PDF တပ်ရင်း၂ နဲ့ KNDF- တပ်ရင်း ၃ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၉ ယောက်ကျဆုံးသွားတယ်လို့ ဖယ်ခုံ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့၊ ညနေ ၃ နာရီကျော်အချိန်လောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ကြား တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖယ်ခုံ PDF အဖွဲ့က ဆိုပါတယ်။