မော်လမြိုင် အထက်တန်းကျောင်း တံတိုင်းပြို၊ လူငါးဦး သေဆုံး

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့ မနက် ၉ နာရီကျော်အချိန်လောက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထက(၅) စာသင်ကျောင်း အုတ်တံတိုင်းပြိုကျပြီး ၅ ဦးသေဆုံးကာ တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။