အမှန်တရားနှင့် တရားမျှတမှုအတွက် နိုင်ငံတကာက ကူညီပေးရန် ND-Burma တောင်းဆို
(စစ်ကောင်စီက နိုင်ငံတကာ ရာဇဝတ်မှုများကို ချိုးဖောက်နေ)

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။

စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကို ခံနေရသည့် မြန်မာပြည်သူများအတွက် တရားမျှတမှု နှင့် အမှန်တရား ဖော်ထုတ်ရေးတို့တွင် နိုင်ငံတကာမှ ပူးပေါင်း ကူညီလုပ်ဆောင်ပေးရန် လူ့အခွင့်အရေး မှတ် တမ်း ကွန်ရက် (မြန်မာနိုင်ငံ) ND-Burma က နိုင်ငံတကာအား တောင်းဆိုလိုက်သည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma မှ ပြောရေးဆိုခွင့်ရှိသူ ကိုတိန်ဦးက “လူ့အခွင့်အ ရေး ချိုးဖောက်ခံရတဲ့ လူတွေအတွက် တရားမျှတမှုတွေ ရရှိဖို့အတွက် ကုလသမဂ္ဂမှာ စုံစမ်းစစ်ဆေးရေး ကော် မရှင် အဖွဲ့တွေရှိတယ်ပေါ့နော်။ အဲ့ဒီဟာတွေကို နိုင်ငံတကာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းပြီးတော့မှ တရားမျှတမှုနဲ့ အမှန်တရား ဖော်ထုတ်ရေးကိစ္စတွေကို ဆောင်ရွက်ပေးဖို့ ပူးပေါင်း ဆောင်ရွက်မှုကို ကျနော်တို့ က တောင်းဆိုလိုပါတယ်ခင်ဗျာ” ဟု ပြောသည်။

စစ်အာဏာရှင်က ပြည်သူများအပေါ် ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေးအတွက် လက်တွေ့ကျသည့် အရေးယူမှုများ ချမှတ်ဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့ အစည်းများနှင့် ASEAN အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ကူညီလုပ်ဆောင်ပေးရန် ND-Burma က တောင်း ဆို သည်။

ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည့် ND-Burma ၏ “အာဏာသိမ်းမှုအား ခုခံခြင်း” ဆိုသည့် ၆ လပတ် အစီရင်ခံ စာထုတ်ပြန်ချက်ထဲတွင် စစ်အာဏာရှင်တို့သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူခံရခြင်း မရှိဘဲ ထောင်နှင့်ချီသည့် အိုအိမ်များအား မီးရှို့ဖျက်ဆီး၍ ပြည်သူများကို သတ်ဖြတ်နေသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ အကြမ်းဖက် ကျူးလွန်မှုများကြောင့် လူသားချင်းစာနာသည့် အကြပ်အတည်းများ ဖြစ်ပေါ် လျှက်ရှိပြီး သောင်းနှင့်ချီသည့် ပြည်သူများ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးရကာ ဆင်းရဲကြပ်တည်းစွာ နေထိုင်နေရသည်ဟု ND-Burma က ပြောသည်။

ND-Burma က ထုတ်ပြန်ထားသည့် အစီရင်ခံစာသည် ၂၀၂၂ ခုနှစ် ဇန္နဝါရီလ မှ ဇွန်လအထိ စစ်ကောင်စီက ကျူး လွန်ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသည့် အစီရင်ခံစာဖြစ်သည် ဟု သိရ သည်။

ကိုတိန်ဦး က “ကျနော်တို့ အချုပ်ပြောမယ်ဆိုရင်တော့ သူက ပြည်သူတွေကို လူတွေကို မတရားဖမ်းဆီး ချုပ် နှောင်မှုတွေ လုပ်တာပေါ့နော။ သတ်ဖြတ်မှုတွေ၊ လုံးဝရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုတွေရှိတယ်။ နေအိမ်တွေ ရွာတွေကို မီးရှို့တာတွေရှိတယ်။ လေယာဉ်က ရည်ရွယ်ချက်ရှိရှိ ပြည်သူတွေ ထွက်ပြေးရတာတွေရှိတယ်။ ပြည် သူတွေကို သတ်ပြီး ဖမ်းဆီးယူပြီးမှ အစအန ဖျောက်လိုက်တာတွေ ရှိတယ်” ဟု ပြောသည်။

၆ လတာကာလအတွင်း စစ်ကောင်စီက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ND-Burma ပြောရေးဆိုခွင့်ရှိသူ ကိုတိန်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဆိုတော့ ဒါကိုတကယ်လို့ ကျနော်တို့ ခြောက်လတာကို ကြည့်လိုက်မယ် ဆိုရင်တော့ စစ်ကောင်စီက နိုင်ငံတ ကာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာတွေရှိပါတယ်။ တွေ့ပါတယ်။ နောက်ပြီးတော့ လူသားဖြစ်တည်မှုကို ဆန့် ကျင်တဲ့ဟာတွေ အမှုတွေလည်း ကျနော်တို့ တွေ့ပါ တယ်။ အဲဒါတွေကို ကျနော်တို့ တွေ့ရှိရပါတယ်ခင်ဗျာ။ ဒီ ၆ လပတ်အတွင်းမှာပေါ့” ဟု ဆက်ပြောသည်။

ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည့် ND-Burma ၏ ထုတ်ပြန် ချက်ထဲတွင်လည်း မြန်မာစစ်တပ်မှ ကျူး လွန်သည့် အတင်းအဓမ္မဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်း နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု များ၊ ပစ္စည်းဥစ္စာများ မတရားသိမ်းဆည်းခြင်း၊ လက်စဖျောက်ဖျက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် ရာဇဝတ်မှုများ၊ လူသားများအပေါ် ဆန့်ကျင်သည့် ပြစ်မှုနှင့် လူမျိုးတုန်းသတ် ဖြတ်မှုများကို ND-Burma အဖွဲ့ဝင်များမှ မှတ်တမ်း တင်ထားပြီး စစ်အာဏာရှင်တို့ ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူ တာဝန်ခံရန်မှာ အချိန်ကြာမြင့် နေပြီဖြစ်သည်ဟု ဆိုသည်။

တာဝန်ယူ၊ တာဝန်ခံမှုကင်းမဲ့နေသည့် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြစ်ပေးအရေး ယူ နိုင်ရန်အတွက် နိုင်ငံတကာမှ စစ်ကောင်စီအား နိုင်ငံရေးအရ အသိအမှတ်မပြုရန်၊ စီးပွားရေးပိတ်ဆို့မှုများကို တိုး မြှင့်လုပ်ဆောင်ပေးရန်နှင့်၊ စစ်ရေးဖက်တွင်လည်း ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်းပို့ရောင်းချမှုများကို ပိတ်ပင် ရန် တောင်းဆိုထားသည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma ကို ၂၀၀၄ ခုနှစ်တွင် အဖွဲ့ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်ဟု ဆိုသည်။

ထိုအဖွဲ့အစည်းသည် လူ့အခွင့်အရေး နှင့် ပတ်သက်သည့် ပူးတွဲအစီရင်ခံများထုတ်ပြန်ခြင်းနှင့် စည်းရုံးလှုံ့ဆော် တိုက်တွန်းခြင်း လှုပ်ရှားမှုများကို လုပ်ဆောင်သည့် ကွန်ရက်အဖွဲ့ဖြစ်သည်ဟု သိရသည်။

ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများမှာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ လူ့အခွင့် အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး၊ အနာဂတ် အလင်းတန်းဆုံမှတ်၊ မွန်ပြည်လူပအခွင့်အရေးဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ၊ တ အာင်းအမျိုးသမီးအဖွဲ့အစည်း၊ တအာင်းကျောင်းသားလူငယ်များအဖွဲ့၊ ထားဝယ် အမျိုးသမီးသမဂ္ဂ၊ ချင်းလူ့ အခွင့်အရေးအဖွဲ့၊ ပအိုဝ်းလူငယ်များအစည်းအရုံး၊ ပဲခူးအရှေ့နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ရက်၊ ရှေ့ ပြေးအသံတို့ ပါဝင်သည်။