ဖားကန့်မြေစာပုံပြို ရေမဆေးကျောက်ရှာသူ ၂ ဦး သေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုထဲက မိုးကားကျေးရွာအနီး မြေစာပုံပြိုကျတာကြောင့် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသားနှစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေး အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။