နိုင်ကျဉ်း ကွပ်မျက်မှု ညီနောင်မဟာမိတ် ၃ ဖွဲ့ ကန့်ကွက် ရှုတ်ချ

နိုင်ငံရေး အကျဉ်းသားတွေကို သေဒဏ်ပေးသတ်ဖြတ်လိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်တွေ နိုင်ငံတကာနဲ့ အာဆီယံက အဆိုပြုထားတဲ့ လမ်းစဉ်နဲ့ဆန့်ကျင်နေတဲ့အပြင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လမ်းစဉ်နဲ့လည်း လုံးဝ ဆန့်ကျင်နေတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ က ပြောပါတယ်။