ပရဟိတ လူငယ်တစ်ဦး ရဲစခန်းက ပစ်ခတ်မှုကြောင့် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂ ရက်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့က ပရဟိတအဖွဲ့ဝင် လူငယ်တစ်ဦး လမိုင်းရဲစခန်းထဲမှ ပစ်ခတ်လိုက်သည့် အတွက် သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။
လမိုင်းပရဟိတ လူငယ်များအဖွဲ့၏ အဖွဲ့ဝင် မောင်လင်းအောင် အသက် ၂၁ နှစ်သည် ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင် အချိန်ခန့်က ပစ်ခတ်ခံရခြင်း ဖြစ်သည်။
”လမိုင်း ရဲစခန်းကတော့ (မောင်လင်းအောင်က) သူတို့စခန်းအနား ကပ်လာလို့ လုံခြုံရေးအရ ပစ်ခတ်လိုက် တယ်လို့ ပြောတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။
မောင်လင်းအောင်ကို လမိုင်းရဲစခန်းက လုံခြုံရေးအရ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟုသာ ရဲစခန်းဘက်က ပြောဆို ကြောင်း နီးစပ်သူများက ပြောသည်။
ဖြစ်စဉ်မှာ မောင်လင်းအောင်သည် အသင်းရုံးမှ နေအိမ်သို့ အပြန် လမ်းတွင် ပစ်သတ်ခံရခြင်း ဖြစ်သည် ဟု သိရ သည်။
မောင်လင်းအောင် ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ ရဲစခန်းတာဝန်ရှိသူများ၏ ပြောဆိုချက်နှင့် မြေပြင် အခြေအနေမှာ ကွဲလွဲမှုရှိနေသည်ဟုလည်း ဒေသခံများက ဆိုသည်။
မောင်လင်းအောင်ကို ရဲစခန်းအနီးတွင် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု ရဲစခန်းတာဝန်ရှိသူများက ပြောဆိုထား သော်လည်း မောင်လင်းအောင်၏ ဆိုင်ကယ်နှင့် သွေးကွက်များကို လမိုင်းမြို့ နောင်တော်ကြီး စေတီဘေးလမ်း တွင် တွေ့ရသည်ဟု ဒေသခံများ က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း လုံခြုံရေး အကြောင်းပြပြီး စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ က ဒေသခံများကို မကြာခန ပစ်သတ်လေ့ရှိသည်ဟု လမိုင်းဒေသခံများက ဆိုသည်။