အလုပ်လက်မဲ့များဖြင့် ပြည်သူ့စစ် ဖွဲ့မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်။

ဧရာဝတီတိုင်းတွင် အလုပ်မရှိသူများကို စစ်သင်တန်းပေးကာ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းပြီး လက်နက်တပ်ဆင်ပေးရန် စီစဉ်နေသည်ဟု ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာတွင် ကျေးရွာကာကွယ်ရေး အတွက်ဟု ဆိုကာ အလုပ်အကိုင် မရှိ သူများကို ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းကာ စစ်သင်တန်းပေးပြီး လက်နက်များပါ တပ်ဆင်ပေးရန် စီစဉ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရှောပြာကျေးရွာ အုပ်ချုပ်ရေးမှူး ဝိုင်းကြီး (ခ) တင်ကိုနှင့် သားဖြစ်သူတို့က ဦးဆောင်ကာ ပြည်သူ့စစ်ကို ဖွဲ့စည်း ခြင်းဖြစ်ပြီး အင်အား ၆၀ ကျော်ခန့်အား ဇူလိုင်လ နောက်ဆုံးပတ်ခန့်မှ စတင်၍ စစ်သင်တန်းပေးနေခြင်း ဖြစ် သည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦး က “ယောက်ကျားတွေရော မိန်းမတွေရောပါတယ်။ ရွာသချိုင်းထဲ မှာ စစ်သင်တန်းပေးနေတာ။ အဲဒီထဲပါတဲ့သူတွေ က အလုပ်အကိုင် မရှိတဲ့သူတွေ များတယ်။ လစာငါးသောင်းရ မှာလို့ ပြောနေကြတယ်” ဟု ပြောသည်။

ထို ပြည်သူ့စစ်အဖွဲ့ဝင်များကို စစ်မှူထမ်းဟောင်း ဦးကျော်ငြိမ်းမှ သင်တန်ပေးနေပြီး လက်နက်ထုတ်ပေးမည်ဟု ဆိုကာ လက်ငယ်ဖြုတ်ခြင်း၊ တပ်ခြင်းများ၊ ပစ်ခတ်နည်းများကိုပါ သင်ကြားပေးနေသည်ဟု သင်တန်းတက်နေ သူ အချို့က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ လကုန်ရုံးပိတ်ရက်က စစ်ကောင်စီ လက်အောက်ခံ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတ ခ) တောင်ပေါ်တပ်မှ ဗိုလ်ကြီးမင်းမင်း ရောက်ရှိလာပြီး အထက်တန်းကျောင်းတွင် ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အမြန်ဆုံးလက်နက်ထုတ်ပေးနိုင်ရန် ဆွေးနွေးခဲ့သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ အချို့က ပြော သည်။

“အစတုန်းက ပြည်သူ့စစ်ထဲဝင်ရင် လစာပေးမယ်။ သေနတ်ပေးထားမယ်။ ကိုယ့်ရွာမှာပဲ နေရမယ်ပြောတာ။ အခု ကျတော့ နယ်ဝေးကိုသွားရမယ်လို့ ကြားနေတယ်ဆိုပြီး သူတို့အချင်းချင်းထဲမှာ ပူညံပူညံဖြစ်နေကြတယ်” ဟု ရှောပြာရွာခံ အမျိုးသမီးတစ်ဦး က ပြောသည်။

စစ်သင်တန်းကာလတွင်လည်း ပြည်သူ့စစ်များအတွက် ယူနီဖောင်းများ ဝယ်ရန် စစ်ကောင်စီက ငွေမပေးသဖြင့် ယခင်က ကျေးရွာစိုက်ခင်းအဖြစ် စိုက်ပျိုးထားသည့် သစ်ပင်များကို ခုတ်ရောင်းကာ သင်တန်းသူ/သားများကို ဝယ်ပေးခဲ့ရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

“အခုထဲက လူတွေက ကြွစောင်းစောင်းနဲ့ ထောင်ထောင် ထောင်ထောင် ဖြစ်နေကြတာ။ လက်ထဲသေနတ်ပါ ကိုင် ရပြီ ဆိုရင်တော့ မစဉ်းစားရဲဘူး” ဟု ဒေသခံတစ်ဦး က ပြောသည်။

ပြည်သူ့စစ်အဖွဲ့တွင် ပါဝင်နေကြသူ အများစုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ၊ စစ်မှုထမ်း ဟောင်းများ၊ အရံမီးသတ်များနှင့် အလုပ်အကိုင်မရှိ၊ ပုံမှန်ဝင်ငွေမရှိသူများဖြစ်သည်ဟု ရွာခံများ က ဆိုသည်။

ဧရာဝတီတိုင်းအတွင်း ဟင်္သာတမြို့နယ်၊ ကံလှကျေးရွာတွင်လည်း ပြည်သူ့စစ်အမည်ခံ ကြံ့ခိုင်ရေးပါတီဝင်များ၊ ပျူစောထီးများသည် ရွာနှင့်အတော် အလှမ်းဝေးသည့် နေရာသို့ နံနက်သွား၍ ညနေမှ ပြန်လာကာ စစ်သင်တန်း တက်နေသူများလည်း ရှိနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။