စစ်ကောင်စီနှင့် တွေ့ရန် SSPP နေပြည်တော်ရောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဩဂုတ်လ ၃ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုယ်စားလှယ်များက နေပြည်တော်သို့ ရောက်ရှိနေသည်။
ဩဂုတ်လ ၃ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် SSPP ဒုတိယ ဥက္ကဋ္ဌ (၁) စဝ်ခေးတိုင် ဦးဆောင်သည့် ကိုယ်စားလှယ်များက နေပြည်တော်သို့ ရောက်ရှိနေပြီး အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပေါအဝင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့နှင့် နေပြည်တော်တွင် တွေ့ဆုံမည်ဟု သိရသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်ရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားပြီး လက်ရှိအချိန်အထိ စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ရှိပြီဟုသိရသည်။
ထိုအဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA -PC၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ၊ မိုင်းလား NDAA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ဖြစ်သည်။
ဩဂုတ်လ ၃ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိနေသည့် SSPP တပ်ဖွဲ့သည့် စစ်ကောင်စီနှင့် တွေ့ဆုံမည့် ၁၀ ဖွဲ့မြောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်ဟု သိရသည်။
Photo -Popular News Journal