NCA စာချုပ်အပေါ် KNU ရပ်တည်မှု မပြတ်သားဟု စောနယ်ဒါးဘိုမြ ဝေဖန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ပျယ်ပြယ်ခြင်း ရှိမရှိကို ကရင့် အမျိုးသား အစည်းအရုံး KNU က တရားဝင် သဘောထား ထုတ်ပြန်သင့်သည်ဟု မကြာခင်က ကော်သူးလေ တပ်မတော် တည်ထောင်သူ ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက ပြောဆိုလိုက်သည်။

ဩဂုတ်လ ၁၆ ရက်နေ့ (ယမန်နေ့) က National Support Team (NST) က ထုတ်လွှင့်ခဲ့သည့် ဗိုလ်ချုပ်နယ်ဒါးဘို မြ ပြောသည့် ကော်သူးလေတပ်မတော် ရုပ်သံ ထုတ်လွှင့်ချက်ထဲတွင် ကော်သူးလေ တပ်မတော် (Kaw Thoo Lei Army) တည်ထောင်သူ ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးဘိုမြက “NCA ပျက်ပြယ်သွားတာက ဘယ်သူပြောသလဲ အဲဒါ အမှန်မှန်ဆိုရင် ပျက် ပြယ်သွားမယ် ဆိုရင်တော့ တရားဝင် စာပေနဲ့ စာထုတ်ရမှာပေါ့။ စာနဲ့ပေနဲ့ အခုဟာက တရားဝင်မှ ထုတ်ပြန် ကြေညာခြင်း ဘာမှ တစ်ခုမှ မရှိတဲ့အတွက်ကြောင့် လူထုကို လိမ်စားတာပဲ လူထုကို လိမ်တာခင်ဗျာ။ အဲဒါ ဒီလိုပဲ သဘောထားမိတယ်။ ဘာဖြစ်လဲ သူတို့ သူတို့ ပြောတာတစ်မျိုး လုပ်တာတစ်မျိုး အမှန်မှန် ဆိုရင်တော့ တရားဝင် ထုတ်ပြန်ကြေညာချက်လုပ်ပေါ့။ လုပ်ပြီးတော့ အဲဒါမှ ရှင်းမှာပေါ့ လူထုအမြင် အခုကတော့ လုပ်တာ တစ်မျိုး ပြောတာတစ်မျိုးဆိုတော့ လူထုမှာတော့ အဲဒါကတော့ မရှင်းဘူးပေါ့ လူထုအပေါ်မှာ” ဟု ပြောသည်။

ဗိုလ်ချုပ် စောနယ်ဒါးဘိုမြသည် ယခင်က ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO ၏ စစ်ဦးချုပ်ဖြစ်ပြီး လက် ရှိ ကော်သူးလေ တပ်မတော် Kaw Thoo Lei Army ကို ဦးဆောင်တည်ထောင်သည့် ကရင်တော်လှန်ရေး ခေါင်း ဆောင်တစ်ဦး ဖြစ်သည်။

NCA ပျက်ပြယ်သွားပြီဟု ပြောဆိုနေသည့် တစ်ဖက်တွင် KNU ဗဟိုက ခေါင်းဆောင်အချို့က စစ်ကောင်စီ တပ် ကို NCA လမ်းကြောင်းက တစ်ဆင့် ဆက်သွယ် ပြောဆိုမှုများရှိနေသေးသည်ဟုလည်း ကော်သူးလေ တပ်မတာ် တည်ထောင်သူ ဗိုလ်ချုပ် စောနယ်ဒါး ဗိုလ်ဘိုမြ က ဆက်ပြောသည်။

၎င်းက “စစ်ကောင်စီလည်း အာဏာသိမ်း လိုက်တယ် ပြီးတော့ အခု ဘာလုပ်ရမလဲဆိုတာ တစ်ချို့ကတော့ NCA အယူအဆတော့ရှိသေးတယ်။ ဒါပေမယ့် သူတို့ ပြောတာကတော့ NCA ပျက်နေပြီ။ ပျက်နေပေမယ့် လည်း ရန် သူကို under table ဟိုးစားပွဲအောက်မှာ သူတို့ ဆက်သွယ်နေတာလည်း ရှိတယ်။ အဲဒါလည်း မဟုတ်ဘူး” ဟု ပြောသည်။

ထို့အတူ NCA အပစ်ရပ် အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်ကော်မတီ PPST အနေဖြင့် လည်း NCA ၏ အနှစ်သာရများကို ဆက်လက်ကိုင်စွဲပြီး ချမှတ်ထားသည့် နိုင်ငံရေး ရည်မှန်းချက် (၇) ရပ်ကို အခြေခံ၍ လက်ရှိ နိုင်ငံရေး အကြပ်အတည်းများကို နိုင်ငံရေး နည်းလမ်းများဖြင့် ဆွေးနွေး အဖြေရှာသွား ကြ မည်ဟု အပစ်ရပ် အဖွဲ့များက ပြောဆိုထားကြသည်။

ဗိုလ်ချုပ် စောနယ်ဒါးဘိုမြက “အခုအခြေအနေအပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးကိုပေါ့ ကျ နော် ပြောချင်တယ်။ အခု အချိန်ကာလမှာကတော့ ရန်သူခေါ်လို့ရှိရင်တော့ မသွားတော့နဲ့ပေါ့။ ပြတ်ပြတ်သား သား ချေမှုန်းရမယ်။ အခု တချို့ကလာမယ် ခနနေအုံးလာမယ် မကြာခင်လာမယ် သူတို့ အခြေအနေက တော် တော်ဆိုးတဲ့ အခြေအနေ ပြီးတော့ သူတို့ တပ်တွေလည်း စိတ်ဓာတ်လည်း မရှိတော့ဘူး။ မိန်းမလည်း ခေါ်လာ တယ် တပ်ထဲမှာ စစ်တိုက်ဖို့။ အခုအချိန်ကတော့ သူတို့ ခေါ်လို့ရှိရင်တော့ မသွားသေးနဲ့ပေါ့။ အခြေအနေ အား လုံးပြီးမှ သွားမှာပေ့ါ အားလုံးပြီးမှသွားပေါ့” ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်နက် ကိုင် တော်လှန် ရေး အဖွဲ့အစည်းများနှင့် စစ်တပ်တို့အကြား နေရာဒေသ တော်တော်များများတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာခဲ့ကြသည်။

ပြည်နယ်များတွင် NCA အပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသလို NCA စာချုပ် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ထိုသို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပြီးနောက် NCA လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသား အ စည်းအရုံး KNU ဗဟိုက ပြောရေးဆိုခွင့်ရှိသူများနှင့် တာဝန်ရှိသူများက အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်များနှင့် လက်တွဲမည်မဟုတ်ကြောင်းနှင့် NCA စာချုပ်သည်လည်း ပျက်ပြယ်သွားပြီဟု ထုတ်ဖော် ပြောဆို လာခဲ့ ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို ယခင် သမ္မတ ဦးသိန်းစိန် အစိုးရ လက် ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ ၂ ဖွဲ့က ပါဝင် လက်မှတ်ထိုးခဲ့ကြသည်။

NCA အပစ်ရပ် အဖွဲ့များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ ကရင်အမျိုးသား အစည်းအရုံး KNU၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချူပ် PNLO၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ ALP၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။