မုန်းမြို့နယ်တွင် အရပ်သားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်။
ရွာသားများ ရွေ့ပြောင်းရန် စစ်ကောင်စီက အမိန့်ထုတ်ထားသည့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် ဒေသခံတစ်ဦး ကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်။
စက်တင်ဘာလ ၁၂ ရက်နေ့က အိမ်မွေးတိရစ္ဆာန်များကို အစာကျွေးရန် ပြန်လာသည့် တပ်ကုန်း(တခေါ့ပွာ) ကျေး ရွာမှ စောရောဘင်ထူး ဆိုသူကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်ဟု ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကရင့် လူမှုရေးရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းက “မနေ့ညနေကဆိုရင် ကျနော်တို့ မုန်းမြို့နယ် တပ်ကုန်းက အတီးရောဗယ်ထူးဆိုတဲ့ တစ်ယောက် သူ့အိမ် မှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ပြန်ပြီးတော့ အစာကျွေးဖို့ အပြန်မှာ သူ့ကို စကစကနေပြီးတော့ ပစ်တာ လည် ပင်းတည့်တည့်ကို ထိတာ ပွဲချင်းပြီးပဲ” ဟု ပြောသည်။
KNU ဗဟို၏ စက်တင်ဘာလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင်လည်း ကေအဲန်ယူ−ကရင်အမျိုသားအစည်း အရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းတွင် ၂၀၂၂ ခုနစ် စက်တင်ဘာလ (၁၂) ရက်နေ့ ညနေ (၅း၂၉) မိနစ်အချိန်တွင် တခေါ့ပွာ ရွာသား စောရော်ဘင်ထူးသည် ၎င်းမွေးထားသော တိရိ စ္ဆာန်များအား အစာပြန်လာကျွေးသည့် အချိန်တွင် အောလောစီအခြေစိုက် အာဏာသိမ်းအကြမ်း ဖက်စစ် ကောင်စီတပ်များမှ မြင်တွေ့သွားပြီး ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သောကြောင့် စောရောဘင်ထူး၏ လည်ပင်းကို ထိမှန်ခဲ့ပြီး ပွဲချင်းပြီးသေဆုံး ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီတပ်က ယခုဖြစ်စဉ်ကဲ့သို့ ပုံစံတူသည့် လူ့အခွင့်အရေး ချိုးဖောက်မှု တော်တော်များများကို မုန်းမြို့ နယ် အတွင်းတွင် မကြာခဏ လုပ်ဆောင်နေသည်ဟု ဆိုသည်။
ထိုအခြေအနေများကြောင့် ဒေသခံပြည်သူများမှာ လူမှုဘဝလုံခြုံမှု မရှိသည့်အပြင် လုပ်ကိုင်စားသောက်ရန် အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိသည့်အတွက် ခက်ခဲမှုများနှင့်အတူ အဖက်ဖက်မှ စိုးရိမ် ကြောက်လန့် နေရသည်ဟု မုန်းမြို့နယ် ကရင့်ရေးရာ လူမှုရေးရာ အဖွဲ့က ပြောသည်။
ညောင်လေး ပင်ခရိုင် မုန်းမြို့နယ် ကရင့်လူမှုရေးရာ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ဒီဒေသမှာရှိတဲ့ လက်ရှိ အခြေအနေကတော့ အကြောက်တရားတွေနဲ့ပဲ သွားလာအသက်ရှင်နေရ တယ်။ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းလည်း လောလောဆယ် ဘာမှမရှိ ဘာအလုပ်အကိုင် ဘာမှ မရှိ ဒီလိုပဲ သတိဝီရိယနဲ့ သွားလာ နေရ တယ်။ တစ်နေရာသွားမယ်ဆိုရင် သေချာချိတ်ဆက်ပြီးတော့ သွားနေရတယ်။ တစ်ရွာတစ်ရွာပဲ သွားမယ်ဆိုရင် ရွာကနေပြီးတော့ ဟိုဖက်ရွာကို သွားမယ်ဆိုရင်လည်း သေချာ ချိတ်ဆက် အခြေအနေ ဘယ်လိုရှိသလဲ ရန်သူ လှုပ်ရှားမှု စကစတွေရဲ့ လှုပ်ရှားမှုတွေ အဲလိုလိုက်မေးလိုက် ထောက်ပြီး ပြောပြီးမှ သွားနေရတဲ့ အခြေအနေ လွတ်လွတ်လပ်လပ်တော့ မရှိဘူးပေါ့” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းက ဒေသခံများကို ပစ်ခတ်သတ်ဖြတ်နေ သည့် အပြင် ရွာထဲကထွက်သွားရန်နှင့် မထွက်ခွာပါက နေအိမ်ကို မီးရှို့ခြင်း၊ ကျေးရွာထဲသို့ လက်နက်ကြီး ပစ် ခတ်မှုများကို ပြုလုပ်မည်ဟု ခြိမ်းခြောက်မောင်းထုတ်နေသည့်အတွက် ဒေသခံများမှာ ကြောက်လန့်ကာ အခြား ဒေသသို့ ရွှေ့ပြောင်းနေရသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြုံနေရသည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU နယ်မြေတော်တော်များများတွင် ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် KNLA ၊ KNDO တို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူး ပေါင်းတပ်ဖွဲ့တို့ နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလာနေသည်မှာ ယနေ့ အချိန်အထိဖြစ်သည်။
တိုက်ပွဲများကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်အပြင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုးကိုလည်း ခံနေရသည်ဟု ဒေသခံများက ပြောသည်။