ညောင်လေးပင်တွင် စစ်ကောင်စီ အင်အားဖြည့်၊ တိုက်ပွဲ ပြင်းထန်လာမည်ကို လူထု စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်တွင် တိုက်ပွဲများ နေ့တိုင်း ဖြစ် ပွားနေသည့်အပြင် စစ်ကောင်စီက တပ်အင်အားများ ထပ်မံဖြည့်တင်း လာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်း ထန်လာနိုင်သည်ဟု ကရင့်လူမှုရေးရာအဖွဲ့ က ပြောသည်။

ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကရင့်လူမှုရေးရာအဖွဲ့ တာဝန်ခံ တစ်ဦးက “ဒီမနက်လည်း ကျနော်တို့ မုန်းမြို့ နယ် ဒီနားပဲ နောင်ကုန်းတို့ ဘာတို့ဖက်မှာလည်း ဖြစ်တာပဲလေ။ တိုက်ပွဲက နေ့တိုင်းလိုလိုပါပဲ ကြိုကြား ကြို ကြားလေ မနက်တုန်းကလည်းဖြစ်တာ ၅ နာရီ ငါးဆယ်ခုနှစ် ငါးဆယ်ရှစ်ကနေပြီးတော့ ဒီ ၈ နာရီ ၈ နာရီခွဲ လက်နက်ကြီး ထုတယ်။ ဒီနားလေးမှာပဲ ကျနော်တို့ ဒီနား မနက်က ထွက်ပြေးတဲ့ နောင်ကုန်းဆိုတဲ့ရွာ အဲ့ဒီနား တစ်ဝိုက်မှာပဲ” ဟု ပြောသည်။

မုန်းမြို့နယ်အပြင် ကျောက်ကြီးမြို့နယ်ဖက်တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၁၄ ရက်နေ့က KNU ဗဟို၏ ထုတ်ပြန်ချက်ထဲတွင် ကရင်အမျိုသားအစည်းအရုံး KNU ကော်သူး လေ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့ မှ (၁၃) ရက်နေ့အထိ တပ်မဟာ (၅) မှပြန်ဆင်းလာသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ တပ်ရင်း (၃) ရင်းဖြစ်သော ခလရ (၄၈)၊ ခမရ (၄၄၀)၊ ခမရ (၅၉၈) တို့ပါဝင်သော အင်အား (၂၀၀) ခန့်ရှိသည့် တပ်ရင်းများမှာ ကျောက်ကြီး မြို့နယ် (KNDO) တပ်ရင်း (၃) လုံခြုံရေးယူထားသော နယ်မြေ များ အတွင်း ဝင်ရောက်လှုပ်ရှားသောကြောင့် (KNDO) တပ်ရင်း (၃) နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားရာ ဒေသများဖက်သို့ စစ်ကောင်စီတပ်က တပ်အင်အား ထပ်မံ ဖြည့်တင်းလာသည့် အတွက် ညောင်လေးပင်ခရိုင်ထဲတွင် တိုက်ပွဲများမှာ ယခင်ကထက် ပို၍ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု မုန်း မြို့နယ် ကရင့်လူမှုရေးရာအဖွဲ့ တာဝန်ခံ က ပြောသည်။

၎င်းက “ဖြစ်နိုင်တယ် ဘာဖြစ်လို့လဲဆိုတော့ ခုနက တစ်နာရီခွဲလောက်မှာပဲ ဒီလက်ရှိ တစ်နာရီခွဲလောက်မှာပဲ ကားနှစ်စီးနဲ့ လိုက်ထရက် ကားနှစ်စီးနဲ့ အဲဒီဖြစ်တဲ့နေရာကို အင်အားတိုးချဲ့တယ်။ လိုက်ထရက် နှစ်စီးဆိုတော့ ခန့်မှန်းကတော့ နှစ်ဆယ် တစ်ဆယ့်ရှစ် အဲလောက်ပေါ့ ၂ စီးဆိုတော့ သုံးလေးဆယ်တော့ ရှိတာပေါ့။ အဲဒါ မနက် က ဖြစ်တဲ့နေရာမှာ အင်အားတာ ဖြည့်တင်းတာရှိတယ်။ နောက်ဒီဖက် ညောင်လေးပင်ခရိုင် ကျောက်ကြီး မြို့ နယ် မနက် ၅ နာရီခွဲ မှာဆိုရင် အဲဒီ ဘောကဒါ ဖက်ကို စစ်ကား ၉ စီး နဲ့ အင်အားအပြည့် တပ်မ ၇၇ အင်အား အပြည့် ၉ စီးနဲ့ လာပြီးတော့ ချထားတယ်” ဟု ပြောသည်။

ထို့နောက် “အဲဒီ ဘောကဒါဂိတ်ကို ချထားပြီးတော့ သူတို့ ပြန်တာ ကားအလွတ်ပဲ အဲဒီ တစ်ပိုင်းကျတော့ အပေါ် ဖက်ကို တက်မယ်နဲ့ တူတယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်က ဟိုးအပေါ်က ဆင်းလာတဲ့ KNDO နဲ့ ဖြစ်တဲ့ဟာ တစ် ခု ဒီကွင်းထဲမှာ ဖြစ်တဲ့ဟာတစ်ခု အခုကျနော်ပြောတာက ကွင်းထဲမှာ ကျနော်တို့ ဒေသကွင်းထဲမှာ ဖြစ်တဲ့ဟာ” ဟု ကရင့်လူမှုရေးရာအဖွဲ့ တာဝန်ခံ က ဆက်ပြောသည်။

KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အပြင် တပ်မဟာ ၁ သထုံ၊ တပ်မဟာ ၂ တောင်ငူ၊ တပ်မဟာ ၄ မြိတ်-ထားဝယ်၊ တပ်မဟာ ၅ မူတြော်(ဖာပွန်)၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်တို့တွင် တိုက်ပွဲများ နေ့တိုင်း ဖြစ်ပွားနေ သည်ဟု သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က KNU တပ်မဟာ ၃ ညောင်လေးပင်ခရိုင်အပြင် တိုက်ပွဲဖြစ်ပွားရာ အခြား KNU တပ်မဟာ ဒေသများ ဖက်သို့လည်း တပ်အင်အား ထပ်မံဖြည့် တင်းမှုများ ရှိနေသည့်အတွက် တိုက်ပွဲများမှာ ပိုမို ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည်ဟု ကရင့်လူမှုရေးရာ အဖွဲ့က ပြောသည်။