တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၀ – ၁၀ – ၂၂ )
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား အောက်တိုဘာလ ၅ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲကြောင့် ဒေသခံတောင်သူလယ်သမားတွေဟာ လယ်ဧက ၅ သောင်းလောက်ကို စွန့်ပစ်ပြီး ထွက်ပြေးနေရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂက ပြောဆိုပါတယ်။
ညောင်လေးပင်ခရိုင်ထဲက စစ်ဘေးရှောင်အများစုဟာ နာမကျန်းဖြစ်နေတာကြောင့် ဆေးဝါးအကူအညီတွေလိုအပ်နေပါတယ်။