တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၁၄ – ၁၁ – ၂၂ )
စစ်ကောင်စီက ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းလက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ကလေးတစ်ယောက်အပါအဝင် အရပ်သားလေးယောက်ဒဏ်ရာရခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ဒေသမှာတော့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာမှာ မူလတန်းကျောင်းနဲ့ ဘုရားကျောင်းတွေ ထိမှန်ပျက်စီးခဲ့ပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲက စစ်ဘေးရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်ဖို့ပြောထားပေမဲ့ လက်ရှိပကတိအခြေအနေက အိမ်ပြန်ဖို့ အဆင်မပြေကြသေးပါဘူး။