တိုင်းရင်းသား ဘာသာ သတင်းအစီအစဉ် ( ၂၆ – ၁၂ – ၂၂ )

ရွာအနီးမှာ တိုက်ပွဲတွေမဖော်ဖို့ မုံးကိုးဒေသခံတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာအနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာတွေ လုပ်နေခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ တွေ့ဆုံဆွေးနွေးနေတဲ့အဖွဲ့တွေရဲ့ဒေသတွေမှာ တိုက်ပွဲတွေမရှိပေမဲ့ နိုင်ငံရေးအရတော့ တိုးတက်မှုရှိမလာဘူးလို့ ပအိုဝ်းခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောလိုက်ပါတယ်။