စစ်ကိုင်းတိုင်းထဲက ရွာတွေ မီးရှို့တာ စစ်တပ်မဟုတ်ပဲ KIA ဆိုပြီး သတင်းမှားဖြန့်ဝေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်။
စစ်ကိုင်းတိုင်းထဲက ရွာတွေကို စစ်တပ်က မီးရှို့တာ မဟုတ်ပဲ လူမျိုးကြီးဝါဒနဲ့ ဗမာ မုန်းတီးရေး စိတ်တွေကြောင့် KIA က စစ်ကိုင်းတိုင်းထဲက ဗမာရွာတွေကို မီးရှို့ဖျက်စီးတယ် ဆိုတဲ့ ရုပ်သံ သတင်းအမှား တစ်ခုကို နန်း ဝေ အောင် ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဒီဇင်ဘာလ ၁၆ ရက်နေ့က တင်ထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းထဲက ရွာတွေဟာ ကချင်ရွာတွေ မဟုတ်တဲ့အတွက် KIA က မီးရှို့တာ ဖြစ်တယ်ဆိုတဲ့ အချက်အပြင် အချက် ၁၁ ချက်ကို ရုပ်သံထဲမှာ ထည့်သွင်း ပြောဆိုထားပါတယ်။
“ဘာကြောင့် စစ်ကိုင်းတိုင်းကို KIA တို့ အများဆုံး မီးရှို့နေတာလဲ” ဆိုတဲ့မေးခွန်နဲ့ ရုပ်သံကိုတင်ထားပြီး အဲဒီ ရုပ်သံထဲမှာ ဆိုရင် “လူမျိုးကြီးဝါဒ စွဲနေတဲ့ KIA အတွက် ဗမာရွာတွေကြီး ဖြစ်နေတဲ့အတွက် ကချင်တွေ ထိ ခိုက်မှာမျိုး မပူပင်ရပဲ စိတ်ကြိုက် ခြေရှုတ်နိုင်ခြင်း၊ ၎င်းတို့စည်းရုံးမှုကို လက်မခံတဲ့ ဗမာလူငယ်များ၊ ဒေသခံ များနဲ့ ပြဿနာ ဖြစ်ပွားပါက ကချင်လူငယ်တွေ မဟုတ်တာကြောင့် တိုက်ပွဲဖြစ်ပွားအောင် လက်နက် အားကိုး ပြီး သတ်ဖြတ်မှုတွေ ကျူးလွန်နိုင်ခြင်း၊ တနေ့ကလို အနန့်ပါမှာ ဗုံးကြဲခံရတာကြောင့် အလားတူအဖြစ် အပျက် တွေဟာ မိမိတို့သူပုန်ထလို့ ဖြစ်ပွားရတာ မဟုတ်ပဲ ဗမာစစ်တပ်လို့သာ လွှဲမှားတာယူဆပြီး လက်စားချေ လိုတဲ့ စိတ်အခံရှိခြင်း အဆိုပါ စိတ်အခံနဲ့ တိုက် ရိုက်မနိုင်တဲ့အခါမှာ မနိုင်နိုင်အောင်တိုက်ဖို့ ဗမာအများစုနေထိုင်ရာ ဒေ သတွေမှာ တိုက်ကွက်ဖော်လိုခြင်း၊ ဗမာတိုင်းရင်းသားတွေရဲ့ ရွာတွေကို တိုက်ပွဲဖြစ်ပွားတိုင်း မီးရှို့ထားတဲ့ အခါ မှာလည်း ကချင်ရွာတွေ မဟုတ်တာ ကြောင့် လူမျိုးဝါဒစွဲ မုန်းတီးစိတ်နဲ့ သနားညှာတာမှု မလိုပဲ စိတ်ကြိုက် ဖျက်စီးနိုင်ခြင်း” ဆိုပြီး ပြောဆိုထားပါတယ်။
အဆိုပါ ပြောဆိုမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နန်း ဝေ အောင် က ကချင်တိုင်းရင်းသားတွေနဲ့ ဗမာတိုင်းရင်းသားတွေကို လူမျိုးရေးပဋိပက္ခတွေဖြစ်အောင်၊ တစ်ဖက်နဲ့ တစ်ဖက် မုန်းတီး နာကျည်းအောင်၊ အတူယှဉ်တွဲ မနေနိုင်အောင် အမုန်းစကားတွေကို ရည်ရွည်ချက်ရှိရှိ ဖြန့်ဝေနေလို့ပဲ ဖြစ်ပါတယ်။
ဒီဇင်ဘာလအတွင်းမှာပဲ စစ်ကိုင်းတိုင်းထဲက မီးရှို့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကချင် နဲ့ ဗမာ၊ ရှမ်း တိုင်းရင်းသား တွေကို လူမျိုးရေး ပဋိပက္ခ ဖြစ်အောင် စစ်တပ်ထောက်ခံသူ၊ သတင်းအမှား ဖြန့်ဝေသူတွေက သတင်းအမှားတွေ ဖြန့်ဝေခဲ့ကြပြီး အဲဒီသတင်းတွေဟာ သတင်းအမှား ဖြစ်ကြောင်း သတင်းနှင့် မီဒီယာ ကွန်ရက် (NMG) က စိစစ် ထားတဲ့ သတင်းကို ဒီမှာ ဝင်ဖတ်လို့ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်းထဲက ရွာတွေ မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက် ဖြစ်ပွားခဲ့ ပြီး အဲဒီရွာတွေကို တိုက်ပွဲဖြစ်ပွားတိုင်း စစ်တပ်က မီးရှို့ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေ ပြောဆိုထားကြသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကလည်း ဒေသခံတွေနဲ့ ဖြစ်စဉ်မှာ ကြုံတွေ့ ခဲ့ရတဲ့ သူတွေကို မေးမြန်း သတင်းရေး သားခဲ့ကြပါတယ်။
စစ်တပ်က မီးရှို့ခဲ့တဲ့ ဖြစ်စဉ်တွေဟာ စစ်ကိုင်းတိုင်းထဲမှာပဲ မဟုတ်ပဲ တိုင်းရင်းသားပြည်နယ်တွေ ဖြစ်တဲ့ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ် စတဲ့ ဒေသတွေမှာလည်း အာဏာသိမ်းပြီးတဲ့ နောက်မှာ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
ရွာတွေကို မီးရှို့ပြီးတိုင်းလည်း PDF တွေလုပ်တာ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ လုပ်တာ ဆိုပြီး သူတို့ရဲ့ လက်အောက်ခံ ပြန်ကြားရေး ဌာနတွေကတစ်ဆင့် သတင်းအမှားတွေ ထုတ်ပြန်ခဲ့သလို စစ်တပ်က ဖွဲ့စည်းထား တဲ့ ဝါဒဖြန့် အဖွဲ့ကလည်း လူမှုကွန်ရက် စာမျက်နှာအစုံမှာ အဲဒီသတင်းအမှားကို ဝိုင်းပြီး ဖြန့်ဝေနေကြတာ ကို သတင်းနှင့် မီဒီကွန်ရက် ရဲ့ သတင်းအမှား စောင့်ကြည့်ရေးသားနေတဲ့အဖွဲ့က တွေ့ရှိခဲ့ပါတယ်။
မီးရှို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံတို့က ဝါဒဖြန့်ထားတဲ့ သ တင်းဟာ သတင်းအမှားဖြစ်ကြောင်း သတင်းနှင့် မီဒီကွန်ရက်က စိစစ်ထားတာကို ဥပမာ အနေနဲ့ ဒီမှာ ဝင်ကြည့်လို့ရပါတယ်။
ဒါကြောင့် အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါမှာ နန်း ဝေ အောင် ဆိုသူက ကချင်နဲ့ ဗမာတိုင်းရင်းသား တွေကို လူမျိုးရေး ပဋိပက္ခဖြစ်အောင်၊ တစ်ဖက်နဲ့တစ်ဖက် မုန်းတီးအောင်၊ ကြည့်လို့မရအောင် စတဲ့ ရည်ရွယ် ချက်တွေနဲ့ လုပ်ကြံဖန်တီးပြုလုပ်ထားတဲ့ ရုပ်သံ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။
နန်း ဝေ အောင် ဆိုသူက ဖြန့်ဝေထားတဲ့ ရုပ်သံ သတင်းအမှားကို လက်ရှိအချိန်အထိ ထပ်ဆင့်ဖြန့်ဝေသူ တစ် ထောင်ခုနှစ်ရာကျော် အထိရှိနေပြီး သဘောထားမှတ်ချက်ပေးသူတွေနဲ့ ကြိုက်နှစ်သက်သူတွေလည်း တော်တော် များရှိနေတာပါ။
လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။